A d v e r t i s e m e n t With Us

ချစ်သုဝေတို့ ဇနီးမောင်နှံ စစ်တွေဆေးရုံအတွက် ကျန်းမာရေးပစ္စည်းများလှူဒါန်း

စစ်တွေဆေးရုံအတွက် ကျန်းမာရေးပစ္စည်းများလှူဒါန်းစဉ်
       ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံနဲ့ ရန်ကုန်မြို့က လှိုင်ကွာရန်တင်းစင်တာတွေကို သ ရုပ်ဆောင်မင်းသမီး ချစ်သုဝေတို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက လိုအပ်မယ့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ [caption id="attachment_406352" align="alignleft" width="420"] လှိုင်ကွာရန်တင်းစင်တာတွင် ခေတ်သစ်ဖောင်ဒေးရှင်းမှ ကျန်းမာရေးပစ္စည်းများလှူဒါန်းစဉ်[/caption] ဖောင်ဒေးရှင်းအနေနဲ့ စစ်တွေဆေးရုံကို PPE အစုံ ၁၀၀ အပါအဝင် Glove (5) Boxes ၊ Face Shield (100) pcs ၊ Adult Filter (200) ခု ၊ Scrub Suit (25) စုံ ၊ N (95)-40 တို့ကို ရန်ကုန်ကနေ တာဝန်နဲ့ သွားကြတဲ့ မေ့ဆေးဆရာဝန်တွေကတဆင့် လှူဒါန်းခဲ့ တယ်လို့ ဩဂုတ် ၂၂ ရက်က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားခဲ့ တာပါ။        ချစ်သုဝေကတော့ ဒီအကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။        “နိုင်သ​လောက်​လေး​ပြေးကူ ​ပြေးလှူ… စာရင်းပိတ်ပြီးလက်ကျန် ​ဆေးပစ္စည်း​လေး​တွေ ချန်ထားခဲ့တာမှန်သွားတယ်… အကယ်၍များ...ဟာတကယ်ဖြစ်လာ​လေ​တော့ နိုင်သ​လောက်ခွဲလှူ ခဲ့ပါတယ်… COVID အတွက်လှူဒါန်းခဲ့တဲ့အလှူရှင်များ ကိုယ်စိတ်နှလုံးချမ်း​မြေ့ပါ​စေ… အားလုံးစိတ်အလိုမလိုက်ပဲ အ​ပျော်ခရီး, အပြင်မှာအ​ပျော်ဆုံ​တွေ့စား​သောက်ခြင်း​တွေ တတ်နိုင်သမျှ ထိန်း​ပေးကြရ​အောင်​နော်… မဖြစ်မ​နေအလုပ်အတွက်သာ NEW NORMAL lifestyle ကျင့်သုံးပြီး တဦးနဲ့တဦး ကာကွယ်ကြရ​အောင်”        ရန်ကုန်မြို့၊ လှိုင်ကွာရန်တင်းစင်တာကိုတော့ Face shield (100) ခု ၊ Glove (5) Boxes ၊ Scrub Suit (10) စုံတို့ကို ပေးအပ်လှူဒါန်းလိုက်တယ်လို့ ဒီကနေ့ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအ နေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။   ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ် စရိတ် လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါ အတွက် တဖက်တလမ်းကနေ ထောက်ပံ့လှူဒါန်းမှုတွေကို အခါအားလျော်စွာ ပြုလုပ်လာ နေခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up