DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story သတင်း သဘာဝပတ်ဝန်းကျင်/ရာသီဥတု

သီပေါနှင့် လင်းခေးမြို့နယ်အတွင်း ရေကြီးပြီး ဒေသခံ ၁၀၀ ကျော် ဘေးလွတ်ရာပြောင်းရွှေ့ခိုလှုံ 

  • By နန်းမြနဒီ
  • 24 August 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story
  • 117837513_3228818360572878_6763489180744937810_n
  • 117911086_3228818530572861_6571532443480689395_n
  • 118136633_3228818300572884_6103997680513873956_n
  • 118155864_3228818407239540_5116161294811233359_n
  • LinKayFlooding2020
  • LinKayFlooding23082020
  • LinKayFlooding24082020
  • 117837513_3228818360572878_6763489180744937810_n
  • 117911086_3228818530572861_6571532443480689395_n
  • 118136633_3228818300572884_6103997680513873956_n
  • 118155864_3228818407239540_5116161294811233359_n
  • LinKayFlooding2020
  • LinKayFlooding23082020
  • LinKayFlooding24082020

ရှမ်းပြည်နယ် သီပေါမြို့နယ်နဲ့  လင်းခေးမြို့နယ်ထဲက ကျေးရွာတွေမှာ ရေကြီးမှုဖြစ်ပွားပြီး ဒေသခံ ပြည်သူလူထု ပေါင်း ၁၀၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့ခိုလှုံနေရပါတယ်။ 

သီပေါမြို့နယ် နားမခေါ်ကျေးရွာမှ ဒီနေ့မနက် ၃ နာရီလောက်က တောင်ကျရေတွေ ဝင်ရောက်လာလို့ ရွာသားတွေ ဘေးကင်းရေး သွားရောက်ကူညီကယ်ဆယ်ခဲ့တယ်လို့  သီပေါ နယ်စည်းမခြားပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“တောင်ကျရေတွေဝင်လာလို့ အိမ်တွေထဲရေဝင်တာပေါ့နော်၊ ရေက ကားလမ်းပေါ်ထိ တက်လာတယ်။ ကျနော်တို့ ကူညီရေးအဖွဲ့က ရေထဲမြှုပ်နေတဲ့ အိမ်ကပစ္စည်းတွေ ကူရွှေ့ပေးတယ်။ ရေဝိုင်းနေလို့ ပိတ်မိနေတဲ့ နေအိမ် ၂ လုံးက မိသားစုဝင်တွေကိုလည်း ကူညီကယ်ထုတ်ပြီး ဘေးလွတ်ရာပို့ပေးခဲ့ရပါတယ်ခင်ဗျ။  ရေဝင်တဲ့အိမ်တွေက တော်တော်များပါတယ်။ စာရင်းကောက် နေတုန်းပါခင်ဗျ။ ကျနော်တို့မြင်တာတော့ နေအိမ်အလုံး ၂၀ ကျော်မယ်၊ တချို့က အောက်ခြေတွေပဲ မြုပ်တယ်။ တချို့က အိမ်ရဲ့တဝက်ကျော်ပေါ့။ လူထိခိုက်ဒဏ်ရာရတာမရှိဘူး။ အိမ်ထောင် ပရိဘောဂတချို့တော့ ပျက်စီးနိုင်ပါတယ်။”

ရေကြီးတဲ့နေရာကို နယ်စည်းမခြားပရဟိတအဖွဲ့အပြင် သီပေါလူငယ်အသင်း၊ သီပေါ ကြက်ခြေနီအသင်း၊ နမ့်လန် နဲ့ သီပေါက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ နမ့်လန်ဖြူစင်နှလုံးသားပရဟိတ စတဲ့အဖွဲ့တွေက သွားရောက်ကူညီခဲ့ပါတယ်။ 

ရေကြီးတဲ့အိမ်က မိသားစုဝင်တွေဟာ လောလောဆယ် နားမခေါ်ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေပြီး ရေလည်းတဖြည်းဖြည်းပြန်ကျနေပြီမို့ စိုးရိမ်စရာမရှိဘူးလို့ နယ်စည်းမခြား ပရဟိတက ပြောသွားပါတယ်။ 

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် နားကုန်းကျေးရွာအုပ်စုရှိ တာဆွပ်တိန်းရွာမှာတော့ ဩဂုတ် ၂၁ ရက်နေ့က သံလွင်မြစ်ရေတက်လာတာကြောင့် ၂၂ ရက်နေ့မှာ ရေတွေက ခေါင်မိုး တံစက်မြိတ်ထိ ရောက်လာလို့ ရွာသားပေါင်း ၁ ရာကျော် ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေ ရတယ်လို့ လင်းခေးက လယ်ယာစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ စိုင်းဆေဟန်က ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီနေရာက လင်းခေးကနေဟိုမိန်းကိုသွားတဲ့ ကူးတို့ဆိပ်ရွာပါ။ အများအားဖြင့် ကမ်းနား ဘေးက ဈေးဆိုင်တွေပေါ့။ ခါတိုင်းနှစ်လည်း သံလွင်မြစ်ရေတက်ရင် ရေကြီးလေ့ရှိတယ်။ ဒီနှစ်က တော့ ရေတက်လာတာတအားမြန်လို့ ပစ္စည်းတွေအကုန်မရွှေ့လိုက်ရဘူး။ ရေထဲနစ်နေတဲ့ အိမ်နဲ့ ဆိုင်ပေါင်း  ၂၄ လုံးရှိပြီး လူတစ်ရာကျော် အမြင့်ပိုင်းဘက် တိမ်းရှောင်ရတယ်။ တချို့က အဲဒီအနီးနား ကျေးရွာကနေ ဈေးဆိုင်လာဖွင့်တော့ သူတို့မူရင်းရွာ ပြန်သွားကြတယ်။ တချို့ အဝေးကလာတဲ့ သူတွေတော့ အဲဒီရေကြီးတဲ့ညက ကုန်းပေါ်မှာဖြစ်သလိုအိပ်ခဲ့ရတယ်။”

တာဆွပ်တိန်းကူးတို့ဆိပ်မှာ ဒီနေ့မနက်ထိ ရေတွေမကျသေးကြောင်း၊ အဲဒီနေရာဟာ လင်းခေးမြို့ဘက်ကို စီးဆင်းသွားတဲ့ နမ့်တိန်းချောင်းဝလည်းဖြစ်တာကြောင့်  နမ့်တိန်းချောင်းလည်း ရေမြင့်တက်နေပြီး ချောင်းဘေးတဘက်တချက်က ဝမ်တာ၊ နားကုန်း၊ ဝမ်ဟတ်၊ မိုက်အွန်လောင်း စတဲ့ကျေးရွာနေပြည်သူတွေလည်း သတိနဲ့ နေထိုင်နေရကာ တချို့က ပစ္စည်းတွေကို အမြင့်ပိုင်း ဘက် ကြိုရွှေ့ထားကြပါတယ်။ 

Tags: ဘေးလွတ်ရာပြောင်းရွှေ့ခိုလှုံရေကြီးလင်းခေးမြို့နယ်သီပေါမြို့နယ်

  • Previous story Any Questions? မွန်ပြည်နယ်အစီအစဉ်  
  • Next story မြို့ ၇ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေ
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဇေကမ္ဘာ ရှေးဟောင်းပြတိုက် ဖေဖော်ဝါရီ ၁ ရက်ဖွင့်မည် (ဓာတ်ပုံ)

    • gallery

      ရန်ကုန်မြို့အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေး လှုပ်ရှားမှုပြုလုပ်

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 03 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 မိသားစုထမင်းဝိုင်းထဲက အသံတိတ်ရန်သူ
    • 02 အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ၉ ခုစာချုပ် ရပ်ဆိုင်း
    • 03 မက္ကဆီကိုစီးတီးတွင် မြေအောက်ရထားလမ်း မီးလောင်မှုကြောင့် ရထားပြေးဆွဲမှုများ ရပ်ဆိုင်း
    • 04 တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
    • 05 အကြိုက်ဆုံးကစားသမား ၁၁ ဦး  အိုဇေးလ် ရွေးချယ်
    • 01 အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ၉ ခုစာချုပ် ရပ်ဆိုင်း
    • 02 ကိုဗစ်-၁၉ လူနာသစ် ၄၇၇ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၈ ဦးထပ်တိုး
    • 03 သထုံတွင် ရထားလမ်းပေါ် တက်အိပ်သူ ၂ ဦး ရထားတိုက်ခံရ၊ ၁ ဦး သေဆုံး
    • 04 ဓာတ်ခွဲခန်းသုံးဝက်များကဲ့သို့ နိုင်ငံသားများကို ကိုဗစ်ဆေးစမ်းသပ်ခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြော
    • 05 ဆမ်ဆောင်း လုပ်ငန်းစု၏ အမွေဆက်ခံသူ ဂျေဝိုင်လီကို ထောင်ဒဏ် လ ၃၀ ချမှတ်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.