ချဲလ်ဆီးပစ်မှတ် ဆေးလ်ဗား ပီအက်စ်ဂျီပရိသတ်များကို နှုတ်ဆက်စကားပြော

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဟာ ပီအက်စ်ဂျီကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်တယ်လို့ ပီအက်စ်ဂျီအသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက အတည်ပြုပြောဆိုခဲ့ပါတယ်။  ချဲလ်ဆီးအသင်းကို ၂ ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီချက်ရရှိနေပြီလို့ သတင်းထွက်ပေါ်နေချိန်မှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။  ဗိုလ်လုပွဲမှာ ဆေးလ်ဗားရဲ့ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ ပီအက်စ်ဂျီကစားသမားဘဝကို အရှုံးနဲ့အဆုံးသတ်ခဲ့ရတာပါ။  The Telegraph သတင်းမှာ ဖော်ပြထားချက်အရ ချဲလ်ဆီးအသင်းခေါင်းဆောင် လမ်းပတ်က အားနည်းချက်တွေရှိနေတဲ့ ချဲလ်ဆီးအသင်းရဲ့ နောက်တန်းကို အားဖြည့်ဖို့အသက် ၃၅ နှစ်အရွယ် ဘရာဇီးလ်ကစားသမားကို စိတ်ဝင်စားနေတာလို့ သိရပါတယ်။  ဆေးလ်ဗားဟာ အင်္ဂလန်မြေက စိန်ခေါ်မှုသစ်တွေနဲ့ ရင်ဆိုင်ချင်နေသူဖြစ်ပြီး ဒီဆန္ဒကြောင့်ပဲ ချဲလ်ဆီးအသင်းမှာ လစာလျော့ယူကာ ၂ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တာ လို့ သတင်းမှာ ရေးသားထားပါတယ်။ အသင်းနဲ့စာချုပ်ချုပ်ဆိုမှုကို လာမယ့်သီတင်းပတ်မှာ ပြုလုပ်သွားဖို့ရှိ တယ်လို့ သိရပါတယ်။    ဘိုင်ယန်နဲ့ပွဲအပြီးမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ပြောဆိုခဲ့ခြင်းမရှိပေမယ့် ဆေးလ် ဗားက ပရိသတ်တွေကို နှုတ်ဆက်စကားပြောဆိုခဲ့ပြီး နောက်နှစ်အနည်းအငယ်အထိ ဘောလုံးကွင်းထဲမှာ ဆက်ရှိနေနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။  “ဒါဟာ ပီအက်စ်ဂျီအသင်းအတွက်   နောက်ဆုံးပွဲစဉ်ပါ။ ဒီအတွက်လည်း ဝမ်းနည်းမိပါတယ်။ ပွဲရလဒ်အတွက် ပရိသတ်တွေကိုတောင်းပန်ပါတယ်။ ပြီးတော့ ပရိတ်သတ်တွေရဲ့ မေတ္တာအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော် ပီအက်စ်ဂျီအသင်းကို ပြန်လာခဲ့ပါ့မယ်။ နောက် ‌ေ၊ ၄ ရာသီလောက်ဆက်ကစာချင်ပြီး ကာတာမှာလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်နွှဲချင်ပါတယ်။” ဆေးလ်ဗားဟာ ဖီအိုရင်တီးနားအသင်းနဲ့လည်း သတင်းထွက်ပေါ်နေသူဖြစ်ပြီး ဒီအကြောင်းကို မေးမြန်းခဲ့ရာမှာ “ကျနော် အခုအသင်းသစ်တစ်သင်းကို ရှာဖွေနေပါတယ်။ ဖီအိုရင်တီးနားလား။ ထွက်နေတဲ့သတင်းတွေက အမှန်မဟုတ်ပါဘူး။ ကျွန်တော့်အေးဂျင်က သူတို့နဲ့ ပြောဆိုဆွေးနွေးမှုတွေရှိနေပေမယ့် ဘယ်အသင်းနဲ့မှစာချုပ် မချုပ်ရသေးပါဘူး။ မနက်ဖြန်၊ ဒါမှမဟုတ် သန်ဘက်ခါလောက်မှာ ကျနော်ကမ်းလှမ်းမှုတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်သွားမှာပါ” လို့ ပြောပါတယ်။

//
More News
Up