A d v e r t i s e m e n t With Us

ဘာစီလိုနာကစားသမားသစ် ယာနစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

မကြာသေးခင်ကမှ အသင်းနဲ့ လက်မှတ်ရေးထိုးထားတဲ့ ကွင်းလယ်လူသစ် ယာနစ်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ရတယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ကြေညာပါတယ်။  ယာနစ်ဟာ မကြာသေးခင်ကမှ  ဘာစီလိုနာအသင်းရဲ့တရားဝင်ကစားသမားဖြစ်ခဲ့တာဖြစ်ပြီး သူရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် ၅၉ သန်းနီးပါးအထိ ရှိလာနိုင်တယ်လို့ ဘာစီလိုနာအသင်းက ကြေညာခဲ့ပါတယ်။  သူ့ရဲ့အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ အာသာလည်း ပါဝင်ခဲ့တယ်လို့ယူဆရပြီး အာသာအတွက် ဂျူဗင်တပ်စ်အသင်းက ပေါင် ၆၆ သန်းနဲ့ ဆုကြေးငွေပေးချေရမှာဖြစ်ပါတယ်။  ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် ကစား သမား ၂ ဦးစလုံးဟာ အသင်းသစ်တွေကို သွားရောက်ပူးပေါင်းနိုင်နေပြီဖြစ်ပေမယ့် ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် ယာနစ်ဟာ ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းဖို့ ကြန့်ကြာနေဦးမှာဖြစ်ပါတယ်။  “စနေနေ့စစ်ဆေးမှုအရ ယာနစ်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ခဲ့ရပါတယ်။ ကစားသမားဟာ ကျန်းမာရေးကောင်းမွန်နေပြီး အိမ်မှာပဲ သီးသန့်ခွဲခြားနေထိုင်နေပါတယ်။ ကစားသမားဟာ ၁၅ ရက်ကြာပြီးနောက်ပိုင်းမှသာ အသင်းနဲ့ ပူးပေါင်းနိုင်မယ်” လို့ ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ယာနစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေဖလားသိမ်းပိုက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ ရိုးမားအသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၇၈ ပွဲကစားပေးခဲ့ပါတယ်။  အသက် ၃၀ အရွယ် ယာနစ်ဟာ ၉ နှစ်ဆက်တိုက်စီးရီးအေဖလားကို ဆွတ်ခူးခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းမှာ ၄ ရာသီဆက်တိုက်ကစားခဲ့သူဖြစ်ပြီး စီးရီးအေဖလားတွေအပြင် ကိုပါ  အီတာလီယာဖလားနဲ့ စူပါကိုပါအီတာလီယာဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ စီးရီးအေရဲ့ တစ်နှစ်တာ အ ကောင်းဆုံးကစားသမားစာရင်းမှာလဲ ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up