ခန္တီးမြို့၏ မြောက်ဘက်တွင် အင်အား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
August 24, 2020
စစ်ကိုင်းတိုင်း ခန္တီးမြို့ရဲ့ မြောက်ဘက်မှာ မနေ့ညက အင်အား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉ နာရီ၊ ၄၈ မိနစ်၊ ၁၃ စက္ကန့် အချိန်မှာ ခန္တီးမြို့ရဲ့ မြောက်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၆.၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၇၀ ဒီဂရီ၊ အနက် ၆၆ ကီလိုမီတာ ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။