Monday, May 29, 2023
HomeCOVID19ဗစ်တိုးရီးယား၌ ကိုဗစ်ကြောင့် ၂၄ နာရီအတွင်း ၁၃ ဦး သေဆုံး

ဗစ်တိုးရီးယား၌ ကိုဗစ်ကြောင့် ၂၄ နာရီအတွင်း ၁၃ ဦး သေဆုံး

သြစတြေးလျရဲ့ ဒုတိယလူဦးရေ  အများဆုံး ဗစ်တိုးရီးယားပြည်နယ်မှာ  သြဂုတ် ၂၂ ရက် မနက်အထိ  ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်   ၁၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ ကူးစက်နှုန်းကတော့ နှစ်ရက်ဆက်တိုက် ၂၀၀ အောက်မှာ ဆက်ရှိနေတယ်လို့  အာဏာပိုင်တွေက ဆိုပါတယ်။  

ဗစ်တိုးရီးယားကလွဲရင် သြစတြေးလျဟာ  နိုင်ငံအတော်များများထက်  သေဆုံး အရေအတွက်မြင့်မားတာကို  ရှောင်လွဲနိုင်ပါတယ်။    

သြစတြေးလျ တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  ၂၄,၅၀၀ ခန့်ရှိပြီး သေဆုံးသူ ၄၈၅ ယောက် ရှိပါတယ်။ 

သီတင်း ၆ ပတ် လော့ဒေါင်းကာလအတွင်း တင်းကျပ်တဲ့ စည်းကမ်းတွေကနေ ထိရောက်မှု ရှိမယ် မျှော်လင့်တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။   

အရှေ့မြောက်ဘက် ကွင်းစလန်ပြည်နယ် မြို့တော် ဘရစ္စဘိန်းနဲ့ အနီးဝန်းကျင် ဒေသတွေမှာလည်း လူ ၁၀ ယောက်ထက် ပိုမစုဖို့  စည်းကမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။  

ကွင်းစလန်ပြည်နယ်က လူငယ်ထိန်းသိန်းရေး စင်တာတခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု  တွေ့ရှိပြီးနောက် အဲဒီလို စည်းကမ်းထုတ်ပြန်ခဲ့တာပါ။ 

ကွင်းစလန်ပြည်နယ်မှာ ထပ်မံကူးစက်သူ  ၉ ယောက်ရှိပြီး သေဆုံးသူ မရှိဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular