A d v e r t i s e m e n t With Us

သရက်မြို့တွင် ကိုဗစ်-၁၉ ​ရောဂါမပြန့်ပွား​ရေး ပညာ​ပေး​ဆောင်ရွက်

မ​ကွေးတိုင်း​၊ သရက်မြို့ မြို့မစည်ပင်သာယာ​ဈေးကြီးနားမှာ ဩဂုတ် ၂၂ ရက်​နေ့ မနက် ၉ နာရီက ကိုဗစ်-၁၉ ​ရောဂါမပြန့်ပွား​ရေးအတွက် မြို့နယ်​ထွေအုပ်ဦးစီးအဖွဲ့က လမ်းသွားလမ်းလာတွေကို Mask တပ်ဆင်သွားလာဖို့ သတိ​ပေးကာ ပညာ​ပေး ​ဆောင်ရွက်နေပါတယ်။ Mask မတပ်ဆင်ထားသူတွေကို အပြစ်​ပေးတဲ့အ​နေနဲ့ Mask တck ၁၀၀၀ ကျပ်နဲ့ ရောင်းချ​ပေးခဲ့ပါတယ်‌။ သရက်မြို့နယ်၊ ကွမ်းအုံ​ကျေးရွာက လူနာအမှတ် ၂၄၂ က​တော့ ကျန်းမာ​ရေး ​ကောင်းမွန်​နေ​တယ်လို့ သိရပါတယ်။ မြို့အဝင်အထွက်၊​ အများပြည်သူ သွားလာ​နေတဲ့ စား​သောက်ဆိုင်တွေ၊ ဈေးတွေမှာလည်း ကျန်းမာ​ရေးဌာန လမ်းညွှန်ချက်နဲ့အညီ ​ဆောင်ရွက်ထားရှိမှုတွေကို စစ်​ဆေး ပညာ​ပေးနေပါတယ်။ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦး​ဇော်မိုး​အောင်ကိုယ်တိုင် ​ယာယီ​ဈေးအတွင်း​ ဈေးသည်တွေ Mask တပ်ဆင်ပြီး ဈေး​ရောင်းချဖို့ လိုက်လံ​ပြောကြားနေတာပါ။ အခုအခါ စစ်​တွေမြို့မှာ ပိုး​တွေ့လူနာတွေ နေ့စဉ်​တွေ့ရှိမှု များပြားလာလို့ ပြည်သူတွေ ​နေထိုင်မှု မပေါ့လျော့ကြဖို့ ​ဆောင်ရွက်​နေတယ်လို့ ပညာ​ပေးအဖွဲ့က သိရပါတယ်။ သတင်း - ဘဦး

A d v e r t i s e m e n t With Us

More News
Up