A d v e r t i s e m e n t With Us

ကိုဗစ်-၁၉  ကပ်ရောဂါ ၂ နှစ်အတွင်း ပြီးဆုံးနိုင်ဟု WHO ပြော

ကိုဗစ်-၁၉  ကပ်ရောဂါ ၂ နှစ်အတွင်း ပြီးဆုံးနိုင်ဟု WHO ပြော DVB ကိုဗစ်-၁၉ ကပ်ရောဂါဟာ ၂ နှစ် မကြာဘဲ  ပြီးဆုံးသွားမယ် မျှော်လင့်တယ်လို့ WHO အကြီးအကဲက သြဂုတ် ၂၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။   ၁၉၁၈ ခုနှစ်တုန်းက  စပိန်တုပ်ကွေးကပ်ရောဂါဟာ  ၂ နှစ် ကြာခဲ့တယ်လို့လည်း WHO အကြီးအကဲ ဒေါက်တာ တက်ဒရိုက ဆိုပါတယ်။   နောက်ပြီး ထိတွေ့သူများတာနဲ့အမျှ ကူးစက်တဲ့ အခွင့်အလမ်း ပိုများပြီး အမြန် ကူးစက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။    တချိန်တည်းမှာပဲ အဲဒါကို   တားဆီးတဲ့ အသိပညာ၊ နည်းပညာတွေလည်း ရှိထားတယ်လို့ ဒေါက်တာ တက်ဒရိုက ဆိုပါတယ်။  ကလေးငယ်တွေကြား ရောဂါကူးစက်တာနဲ့ ပတ်သက်လို့ ကနဦး လေ့လာချက်တွေအရ အသက်အုပ်စုအလိုက် ကူးစက်မှုပိုင်းမှာ ကွာခြားချက်ရှိပုံရပြီး ကလေးငယ်တွေဟာ ဆယ်ကျော်သက်တွေထက် ကူးစက်နှုန်းနည်းတယ်လို့ WHO ကပ်ရောဂါပညာရှင်  မာရီယာက ပြောဆိုခဲ့ပါတယ်။     ကမ္ဘာတဝှမ်းမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  ၂၃ သန်းကျော်နဲ့ သေဆုံးသူ ၈ သိန်းကျော်ရှိပြီလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up