ရခိုင်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ တရက်ကို လူ ၁၂ ဦးသာ စစ်ပေးနိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတဲ့စက် ၂ လုံးရှိပြီး တရက်ကို လူ ၁၂ ဦးထိသာ စစ်ဆေးနိုင်တာကြောင့် သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့ စစ်ဆေးနေရတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဒီဗွီဘီကို ပြောပါတယ်။ “စစ်တွေမှာက စစ်လို့ရတာ နည်းတယ်၊ ဆရာတို့ အဓိကရန်ကုန်ကိုပဲ ပို့စစ်နေတယ်။ အခုကတော့ ၂ လုံးရပြီ၊ ဆရာတို့ ဒီမှာ စစ်တာတွေလည်း စစ်တယ်။ ရန်ကုန် NHL ကို လေယာဉ်နဲ့ ပို့တာတွေလည်းပို့တယ်၊ စက်ကြောင့်ပေါ့၊ ၁‌၂ ယောက်ထိ စစ်လို့ရပြီ” လို့ ပြောပါတယ်။ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဦး တွေ့ရှိခဲ့ပြီး မြောက်ဦးမှာ ၁ ဦး တွေ့ရှိခဲ့ပါတယ်။ သူတို့အားလုံးဟာ ပြည်ပခရီးသွားရာဇဝင်မရှိဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up