A d v e r t i s e m e n t With Us

ဘဲလာရုစ်ကို စစ်ရေးအရ အကူအညီပေးရန်မလိုသေးဟု ရုရှားပြော

ဘဲလာရုစ်နိုင်ငံကို အခုအချိန်မှာ စစ်ရေးအရ အကူအညီပေးဖို့ မလိုသေးဘူးလို့ ရုရှားအစိုးရက သြဂုတ် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။  သြဂုတ် ၉ ရက်က ဘဲလာရုစ်သမ္မတရွေးကောက်ပွဲမှာ မသမာမှုရှိတယ်လို့  ဆန္ဒပြသူ တွေက ပြောရင်း တတိုင်းပြည်လုံး မတည်မငြိမ် ဖြစ်နေတာပါ။  ဘဲလာရုစ်အစိုးရကိုယ်တိုင်ကလည်း အခုချိန်မှာ ရုရှားအကူအညီ မလိုသေးဘူးလို့ မြင်တယ်လို့ ရုရှားအစိုးရပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က သတင်းထောက်တွေနဲ့ အွန်လိုင်းညီလာခံ အတွင်း ပြောပါတယ်။  “အမည်မဖော်တဲ့နိုင်ငံခြားအင်အားကြီးနိုင်ငံတွေက ဘဲလာရုစ်နိုင်ငံရေးကို စွက်ဖက်နေ တယ်။အဲဒီလို စွက်ဖက်မှုမျိုးကို လက်မခံနိုင်ဘူး”လို့လည်း ပဲ့စ်ကို့ဗ်က စွပ်စွဲ ပြောဆိုပါတယ်။  ကျန်ခဲ့တဲ့ဆယ့်တစ်ရက်လုံး ထောင်ချီတဲ့ဆန္ဒပြသူတွေဟာ အာဏာပိုင်တွေ နှိမ်နင်းနေတဲ့ ကြားက လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြတာပါ။  ရွေးကောက်ပွဲကို သောင်ပြိုကမ်းပြို အနိုင်ရတယ်လို့ ကြေညာထားတဲ့ သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို ရာထူးကနေ နှုတ်ထွက်ဖို့ တောင်းဆို နေကြပါတယ်။  ဘဲလာရုစ်နဲ့ ရုရှားတို့ဟာ နီးကပ်တဲ့ မဟာမိတ်တွေဖြစ်ပြီး ပြည်ထောင်စုဝင်နိုင်ငံရဲ့ အစိတ် အပိုင်းအနေနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။  ရုရှားက ဘဲလာရုစ်ကို စစ်ရေးအကူအညီပေးနိုင်ချေနဲ့ ပတ်သက်ပြီး မီဒီယာက မေးရာမှာ တကယ်လို့ လိုအပ်ရင် ပေးနိုင်ပြီး ဘဲလာရုစ်နိုင်ငံတွင်းက အခြေအနေဟာ ပြည်တွင်းရေးကိစ္စသာ ဖြစ်တာမို့ သူတို့အချင်းချင်း ဖြေရှင်းသင့်တယ်လို့လည်း ရုရှားအစိုးရ ပြောခွင့်ရက ဖြေခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up