A d v e r t i s e m e n t With Us

ရုရှားအတိုက်အခံခေါင်းဆောင် အစာအဆိပ်သင့်၍ လေယာဉ်အရေးပေါ်ဆင်းသက် 

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နီဟာ အစာအဆိပ်သင့်တာကြောင့် စီးလာတဲ့ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရပြီး သြဂုတ်လ ၂၀ မနက်ပိုင်းမှာ ဆိုက်ဘေးရီးယားပြည်နယ်က ဆေးရုံဆီ တင်ပို့ကုသထားရပါတယ်။  အသက် ၄၄ နှစ်အရွယ် နာဗယ်လ်နီဟာ အဆိပ်သင့်ခဲ့ပြီး အထူးကြပ်မတ် ကုသဆောင်ထဲမှာ သတိလစ်နေတယ်လို့ အလက်ဇီရဲ့ ပြောခွင့်ရ ကီရာယာမစ်ရှ်က ပြောပါတယ်။  သူဟာ ဆိုက်ဘေးရီးယားပြည်နယ်  တွန်ခ်စ်မြို့ကနေ ရုရှားမြို့တော် မော်စကိုကိုပြန်တဲ့ လေကြောင်းခရီးစဉ်အတွင်း နေမကောင်း ဖြစ်ခဲ့တာလို့ သူ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။  လေယာဉ်ကို အွန့်စ်ခ်မြို့မှာ အရေးပေါ် ဆင်းသက်ပြီး အဆိပ်သင့်မှု သံသယနဲ့ အလက်ဇီကို ဆေးရုံဆီ ခေါ်သွားခဲ့တာလို့ သူ့ရဲ့ ပြောခွင့်ရက တွစ်တာနဲ့အင်စတာဂရမ်လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။  “အလက်ဇီဟာ လက်ဖက်ရည်နဲ့ရောထားတဲ့ တခုခုကြောင့် အဆိပ်သင့်ခဲ့တာလို့ ကျမတို့ ယူဆတယ်။ ဒါဟာ ဒီမနက်မှာ သူသောက်တဲ့ တခုတည်းသော အရာပဲ” လို့လည်း အလက်ဇီရဲ့ ပြောခွင့်ရ ကိရာယာမက်ရှ်က ပြောပါတယ်။   

A d v e r t i s e m e n t With Us

More News
Up