အီတလီမြောက်ပိုင်းတွင် ရထားလမ်းချော်၍ ၃ ဦး ဒဏ်ရာရ

838
အီတလီနိုင်ငံမြောက်ပိုင်း လွန်မ်ဘာဒီဒေသမှာ ရထားတစီး သြဂုတ် ၁၉ ရက်က လမ်း ချော်ခဲ့တာကြောင့် လူ ၃ ယောက် ဒဏ်ရာရတယ်လို့ ရထားကုမ္ပဏီ ထရေနော့ဒ်က ပြောပါတယ်။
ရထားပေါ်ပါတဲ့ ခရီးသည် တယောက်ကို ရှေးဦးသူနာပြုစုနည်းနဲ့ ကုသပေးခဲ့ပြီး ကြိုတင် သတိထားတဲ့အနေနဲ့ ဆေးရုံတင်ပေးခဲ့တယ်လို့ ထရေနော့ဒ်က ကြေညာချက်ထဲမှာ ပြောပါတယ်။
ရထားမောင်းသူနဲ့ လက်မှတ်စစ်တို့လည်း ဒဏ်ရာနည်းနည်းစီ ရကြပါတယ်။
မီလန်မြို့နဲ့ကိုမိုရေကန်ကို ချိတ်ဆက်ထားတဲ့ ဒီရထားလိုင်းဟာ အီတလီနိုင်ငံ အရှေ့ မြောက်ပိုင်းက ချမ်းသာပြီး စက်မှုထွန်းကားတဲ့ ဘဏ္ဍာရေးမြို့တော် ဘရိုင်ယန်ဇာကို ဖြတ်သန်း ထားပါတယ်။
ကာနိတ်မြို့ငယ်လေးနားက ဘူတာနားမှာ ရထားတွဲ ၃ တွဲ လမ်းချော်ခဲ့တာလို့ ကြေညာ ချက်က ဆိုပါတယ်။ လမ်းချော်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။