Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပြိုကျသဖြင့် တဲ ၂ လုံးနှင့်ဆိုင်ကယ် ၂ စီးဆုံးရှုံး၊ လူ ၁ ဦး ပျောက်ဆုံးနေ
DVB
·
August 20, 2020
117942611_789084358572454_7971855830683430316_o
117793473_789084375239119_7109993702005357847_o
ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု မမုံကျေးရွာ တာဝါတိုင်အနီး YTT တောင်ကုန်းမှာ ဩဂုတ်လ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်က ပေ ၂၀၀ အမြင့်ရှိ ကျောက်ကြောကမ်းပါးယံပြိုကျရာ တဲ ၂ လုံး၊ ဆိုင်ကယ် ၂ စီး ဆုံးရှုံးခဲ့ပြီး ရွှေကျောက်မျှောတိုက်သူ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က အတည်ပြ‌ေပြောကြားပါတယ်။ မမုံကျေးရွာတာဝန်ခံ ဦးစိုင်အောင်သန်းက “ကျောက်ကြောပြိုကျတဲ့ အတွက် အောက်ထဲရှိ ရေအိုင်ထဲသို့ ပြုတ်ကျမျှောပါသွားပြီး ရေလှိုင်းဖြင့် မမုံအကျိုးတူ သိမ့်ဝင်းထက် ကျင်းဟောင်း နံရံအတွင်းသို့ ဆက်လက်မျောပါ ပျောက်ဆုံးသွားကြောင်း သိရပြီး အလောင်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ လေးယောက်အတူ ညဆိုင်းဆင်းကြရင်း သူက နောက်ကျနေတယ်။ သူ့ကို လှမ်းခေါ်ကြတော့ ကမ်းပါးယံက ပြိုကျသွားပြီ။ သူလည်း ပြိုတဲ့အထဲ ပါသွားတယ်” လို့ ပြောပါတယ်။ သေဆုံးသူမှာ မမုံကျေးရွာမှာ လက်ရှိနေထိုင်ခဲ့သူဖြစ်ပြီး မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ဇာတိ အသက် ၅၀ အရွယ် ဦးခင်ဇော်  ဆိုသူ ဖြစ်ပါတယ်။ ပျောက်ဆုံးသွားသူနဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းနေတယ်လို့ မမုံကျေးရွာတာဝန်ခံက ပြောကြားပါတယ်။ ပြိုကျသွားတဲ့ ကမ်းပါးယံနေရာကို ဒေသအခေါ်အရ ဗိုလ်တစ်ထောင်ကုန်း ဖြစ်ပေမဲ့ YTT တောင်ကုန်းလို့ လူသိများပြီး ဧရာရတနာကုမ္ပဏီ၊ အဲဗားဝင်းနားကုမ္ပဏီ၊ မြန်မာသူရကုမ္ပဏီတို့ရဲ့ လုပ်ကွက်နေရာနေရာဟောင်းဖြစ်ပြီး သက်တမ်းကုန်လုပ်ကွက်နေရာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုတုန်းကလည်း အခုလို ကမ်းပါးယံပြိုကျတာကြောင့် လူ ၅၀) ထက်မနည်း ရေလှိုင်းရိုက်ပုတ်ပြီး သေဆုံးခဲ့ဖူးတယ်လို့ မမုံကျေးရွာတာဝန်ခံက ပြောကြားပါတယ်။ စစ်ကိုနိုင်ထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024