Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၄၃ ဦး ဖမ်းဆီးခံရ
DVB
·
August 19, 2020
118030606_1637499029743311_5047520254974344371_o
117945332_1637498933076654_2318147334675186941_o
117437841_1637499039743310_4267160142491100587_o
  ထိုင်းနို်ငငံ၊ ချင်းမိုင်ခရိုင် အုမ်းကွယ်မြို့နယ်ထဲမှာ ဩဂုတ်လ ၁၇ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၃ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။  အမှတ် ၃၆ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ ညက အုမ်းကွယ်မြို့နယ် မယ့်တိန်အုပ်စုရှိ မယ့်တိန်-ဘန့်မယ့်ဒွေကားလမ်းအပိုင်းမှာ စောင့်ကြပ်စစ်ဆေးစဉ် တရားမဝင်သူတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။  စစ်ဆေးချက်အရ သူတို့အားလုံးဟာ မြဝတီဘက်ကနေ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲသို့ တောလမ်းကနေဝင်ရောက်လာကြောင်း၊  ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂၀၀၀  ပေးရပြီး သူတို့က ကားနဲ့ မဲဆောက်ကို လာကြိုကြောင်း၊ ကားသမားက မဲဆောက်ကနေ မယ်လမတ်၊ ထာ့ဆောင်ယန်း စတဲ့မြို့ နယ်တွေဖြတ်ပြီး ချင်းမိုင်ခရိုင်ဘက်ကနေ ပတ်ခေါ်လာခဲ့ပေမယ့်လည်း အုမ်းကွယ်မှာ ဖမ်းဆီးခံရ တာလို့ ဆိုပါတယ်။  တာဝန်ရှိသူတွေက သူတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိလည်း စစ်ဆေးခဲ့ရာမှာ ကနဦးစစ်ဆေးချက်အရ တစ်ဦးမှ  ကူးစက်မှုမရှိပေမဲ့ ပေါ့ဆလို့မရဘဲ နယ်စပ်အဝင်အထွက်တွေ ပိုမိုကြပ်မတ်ဖို့ လိုအပ်ကြောင်း ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးဉီးစီးမှူးက မီဒီယာတွေကို ပါတယ်။  ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ မယ်ဆိုင်ချောင်းကို ဖြတ်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့  ထိုင်း ဘက်ကနေ တာချီလိတ်ဘက်ကိုကူးမယ့် ထိုင်းလူမျိုး ၄ ဦးတို့ ဖမ်းဆီးအရေးယူခံခဲ့ရတယ်လို့  မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ကိုးကား - Thai PBS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024