အင်္ဂလန်ဂိုးသမား ဂျိုးဟတ် စပါးအသင်းဆီ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

ဘန်လေအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ဟာ စပါးအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။  အင်္ဂလန် လက်ရွေးစင်ဂိုးသမားဟောင်း ဂျိုးဟတ်ဟာ ဘန်လေမှာတုန်းက တစ်ပတ် လုပ်အားခ စတာလင်ပေါင် ၅၀၀၀၀ ရရှိခဲ့ပေမဲ့  စပါးအသင်းမှာတော့ အဲဒီထက် နည်းမယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တာကြောင့် ခက်ခဲမှုတွေရှိခဲ့ကြောင်း၊ မိမိမှာ အရည်အချင်းကောင်းတွေ ရှိသေးတယ်လို့ ခံစားရကြောင်းနဲ့ စပါးအသင်းကို ကျေးဇူးတင်ရှိကြောင်း စာချုပ်ချုပ်ဆိုအပြီးမှာ ဂျိုးဟတ်က ပြောပါတယ်။ အသက် ၃၃ နှစ်ရှိ ဂိုးသမား ဂျိုးဟတ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၇၅ ပွဲအထိ ကစားပေးခဲ့ပါတယ်။ ဘန်လေအသင်းမှာတော့ ၂ နှစ်အတွင်းမှာ စုစုပေါင်း ၂၄ ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။

//
More News
Up