သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးအမှုရုံးထုတ် 

သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးအမှုကို ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးပါတယ်။ ဒီကနေ့ ရုံးချိန်းကိုတရားလို မလာရောက်နိုင်ခဲ့ဘဲ နောက်တပတ် ရုံးချိန်းကို ၂၆ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒီအမှုမှာ တရားလိုပြသက်သေ ၁၄ ဦးတင်သွင်းထားရာမှ ၄ ဦးစစ်ဆေးပြီးဖြစ်တဲ့အတွက် စစ်ဆေးဖို့ ၁၀ ဦး ကျန်ရှိနေတဲ့အဆင့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ မင်းရာဇာရဲ့ဇနီးဖြစ်သူအာမခံလျောက်ထားတာကို ရုံးတော်ကပယ်ချခဲ့ပါတယ်။  ဇနီးဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ အပြင်က ကလေးတွေ ကျောင်းတက်ဖို့ကိစ္စတွေရှိတဲ့အတွက် ဇနီးဖြစ်သူကို အာမခံပေးဖို့နဲ့ အမှုကိုအမြန်ဆုံး ပြီးပြတ်စေချင်တယ်လို့ မင်းရာဇာက တရားရုံးအထွက်မှာ ပြောပါတယ်။ သရုပ်ဆောင်မင်းရာဇာမိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ပုဒ်မ(၄)ခုနဲ့ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။

//
More News
Up