A d v e r t i s e m e n t With Us

မျိုးသုဉ်းပျောက်ကွယ်တော့မည့် ဘော်နီယို အော်ရန်ဂူတင် လူဝံ ၂ ကောင်ကို ကယ်တင်

မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ဘော်နီယိုအော်ရန်ဂူတင် လူဝံနှစ်ကောင်ကို  တက်ကြွလှုပ်ရှားသူတွေက  လှောင်အိမ်ထဲကနေ ကယ်တင်ခဲ့တယ်လို့ နိုင်ငံတကာတိရစ္ဆာန်များ ကယ်ဆယ်ရေးအဖွဲ့ (IAR) က သြဂုတ် ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီလအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ  ဂျာဗားပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ အပန်းဖြေဥယျာဉ်နဲ့ မိသားစု နေအိမ်တစ်ခုအတွင်း လှောင်ပိတ်ခံထားရပြီး အာဟာရဓာတ်ချို့တဲ့နေတဲ့ အော်ရန်ဂူတင် လူဝံနှစ်ကောင်ကို ကယ်ဆယ်ခဲ့တယ်လို့ (IAR)  ပြောပါတယ်။  ဆမ်ဆွန်နဲ့ ဘော့ဘွိုင်း ဆိုတဲ့ အသက် ၂၀ ဝန်းကျင် အော်ရန်ဂူတန် နှစ်ကောင်ကို  ကယ်လီမန်တန်ပြည်နယ်အနောက်ပိုင်း ကတ်တပန်မြို့ရှိ ပြန်လည်ကြံ့ခိုင်ရေးစင်တာဆီ ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ သဘာ၀တောရိုင်းထဲမှာ ကောင်ရေ ၁ သိန်းလောက်ရှိခဲ့တဲ့ ဘော်နီယိုအော်ရန်ဂူတန် လူဝံတွေဟာ ပြီးခဲ့တဲ့နှစ် ၆၀ အတွင်း ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (WWF) ကထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up