A d v e r t i s e m e n t With Us

ပူတာအိုမြို့ရှိ ခါကာဘို ဘိုးဘွားရိပ်သာတွင် အဆောက်အအုံသစ်များ လိုအပ်နေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ  ဖွင့်လှစ်ထားတဲ့  ခါကာဘို ဘိုးဘွားရိပ်သာအတွက် နေအိမ်၊ အဆောက်အအုံတွေဆောက်လုပ်ဖို့ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ ရိပ်သာတာ၀န်ခံ ဦးဖလားဆင်က ပြောပါတယ်။ ခါကာဘို ဘိုးဘွားရိပ်သာကို ၂၀၁၆ ခုနှစ်မှာ ဒေသလိုအပ်ချက်အရ စတင်အကောင်ထည် ဖော်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ လတ်တလော ရိပ်သာမှာ အဘွား ၁၂ ဦးနေထိုင်နေပြီး အခုလအတွင်း နောက်ထပ် အဘိုးအို ၁ ဦးထပ်ရောက်လာဖို့ ရှိနေပါတယ်။ ရိပ်သာတာဝန်ခံ  ဦးဖလားဆင်က "ကျနော်တို့ ဆောက်‌ထားတဲ့ နေရာ ၁၂  ဦးအတွက်က ပြည့်ပြီဖြစ်လို့ လူအသစ် လက်ခံလို့မရတာပါ၊ ဒါပေမဲ့ အဘိုးတစ်ယောက်လည်း ရောက်လာမယ်လို့ဆက်သွယ်တယ်။ သူ့ဆွေမျိုးတွေလည်း အရမ်းအကူညီတောင်းတယ်။ ပြီးတော့ သူက ခြေနှစ်ဘက်စလုံး မရှိဘူးလို့လည်းသိရတော့ အမြန်ဆုံး ဝါးအိမ် ဖြစ်ဖြစ် ဆောက်ပြီး အဆင်ပြေသလို လက်ခံဖို့ ရှိပါတယ် "လို့ ပြောပြပါတယ်။ ဝေးလန်ခေါင်ဖျားတဲ့ ခေါင်လန်ဖူးလိုဒေသက သက်ကြီးရွယ်အို အဘိုးအဘွားတွေ ရိပ်သာမှာ လာနေဖို့အတွက် လာစုံစမ်းတာရှိပေမဲ့ နေရာ မလုံလောက်မှုကြောင့် လက်ခံလို့မရဘူးလို့လည်း ပြောပြပါတယ်။ ဘိုးဘွားတွေထပ်မံထားရှိဖို့အတွက် နေအိမ် အဆောက်အအုံအသစ်တွေဆောက်ဖို့  လိုအပ်နေသလို ရိပ်သာအတွက်  ၀န်ထမ်း ၂ ဦးကို ခန့်ထားရတာကြောင့်  နေအိမ်၊ ခြံတို့ကိုရောင်းချပြီး ကိုယ်တိုင် ဦးစီးနေရတယ်လို့လည်း  ဦးဖလားဆင်က ပြောပါတယ်။ ခါကာဘို ဘိုးဘွားရိပ်သာ စတင်ဆောက်လုပ်ခဲ့တဲ့ ကာလမှာ ဒေသခံတွေရဲ့ ကဲ့ရဲ့မှုတွေလည်း ခံခဲ့ရပြီး ရိပ်သာဖြစ်မြောက်ရေးအတွက် ကော်မတီနှစ်ရပ်ဖွဲ့စည်း အကောင်ထည်ဖော်ခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ဘူးလို့လည်း သိရပါတယ်။ သတင်း- ဖေနောင်းအောင် (ပူတာအို)

A d v e r t i s e m e n t With Us

More News
Up