ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အမ်ဘာပေ ပွဲထွက်ကစားနိုင်မည်

ပီအက်စ်ဂျီ တိုက်စစ်မှူးအမ်ဘာပေဟာ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့  နည်းပြတူချယ်က ပြောပါတယ်။ အမ်ဘာပေဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အက်တလန္တာကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ၃၀ မိနစ်လောက်သာ လူစားဝင်ကစားခဲ့ရတာပါ။  လက်ရှိအချိန်မှာတော့ အမ်ဘာပေရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ပြဿနာတစုံတရာ မရှိတာကြောင့် လိုက်ဇစ်နဲ့ပွဲမှာ ပွဲထွက်ကစားနိုင်မယ်လို့ နည်းပြတူချယ်က ဆိုပါတယ်။ အမ်ဘာပေအနေနဲ့ ၆ ရက် အချိန်ယူလေ့ကျင့်ထားတာကြောင့် ကြံ့ခိုင်မှုပြည့်ဝေနေတယ်လို့ တူချယ်က ပြောပေမဲ့ တခြားကစားသမားတွေအနေနဲ့လည်း အခွင့်အရေးရှိကြောင့် ထည့်သွင်းပြောကြားခဲ့ပါတယ်။  အသက် ၂၁ နှစ်ရှိ တိုက်စစ်မှူးအမ်ဘာပေဟာ အက်တလန္တာနဲ့ပွဲမှာ လူစားဝင်ကစားပြီး အသင်းအတွက် အနိုင်ဂိုးရဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

//
More News
Up