ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်နိုင်ခြေရှိသည့် Ad5-nCoV အတွက် တရုတ်အစိုးရက မူပိုင်ခွင့်ချပေး 

တရုတ်နိုင်ငံက ကာကွယ်ဆေး အထူးထုတ်လုပ်တဲ့ ကန်စီနိုသတ္တဗေဒနိုင်ငံတကာ ကော်ပိုရေးရှင်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်နိုင်ခြေရှိတဲ့ Ad5-nCoV အတွက် မူပိုင်ခွင့် အတည်ပြုချက်ကို တရုတ်အစိုးရဆီကရသွားပြီလို့ တရုတ်အစိုးရ မီဒီယာက သတင်းထုတ်ပါတယ်။ တရုတ်အမျိုးသားဉာဏပစ္စည်း စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေထဲမှာ သြဂုတ်လ  ၁၁ ရက်က မူပိုင်ခွင့် ထုတ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ ဒါဟာ တရုတ်အစိုးရက မူပိုင်ခွင့်ပေးတဲ့ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ်တယ်လို့ အစိုးရပိုင် တရုတ်ပြည်သူ့နေ့စဉ်သတင်းစာက ရေးပါတယ်။ ကာကွယ်ဆေး ဖြစ်နိုင်ခြေရဲ့ နောက်ပိုင်း စမ်းသပ်ချက်တွေကို ရုရှနိုင်ငံထဲမှာ စတင်ခဲ့ပြီး အစောပိုင်းနဲ့ အလယ်ပိုင်းအဆင့်တွေ စမ်းသပ်လို့ အပြီးမှာ ဒီကာကွယ်ဆေး ဖြစ်နိုင်ခြေကို တရုတ်စစ်တပ်ထဲမှာ သုံးဖို့ အတည်ပြုပြီးပါပြီ။  နောက်ပိုင်းအဆင့်တွေကိုတော့ မက္ကစီကိုနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေမှာ စမ်းသပ်ဖို့ ပြင်ဆင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up