Home
မြန်မာသတင်း
စင်ကာပူပြန် ကိုဗစ်-၁၉  လူနာသစ် ၁ ဦးထပ်မံတွေ့ရှိ 
DVB
·
August 17, 2020
စင်ကာပူနိုင်ငံကပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၃၇၆ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရသိရပါတယ်။ အဆိုပါလူနာသစ်ဟာ  မကွေးတိုင်းဒေသကြီး၊  ရေစကြိုမြို့နယ်နေ အသက် ၃၇ နှစ်အရွယ် စင်ကာပူပြန် အမျိုးသားတစ်ဦးဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၃၇၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၀၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၇၈ ခု စုစုပေါင်း ၆၅၆ ခုကို ဒီကနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ  ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၁၇ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၇၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၁ ဦးနဲ့ ဆေးရုံက ဆေးခွင့်ပြုခဲ့သူ ၃၂၁ ဦးရှိပါတယ်။ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိပြီး မနေ့က တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ လူနာ အမှတ် ၃၇၅ နဲ့  ထိတွေ့မှုရှိခဲ့သူ စစ်တွေမြို့မှ ၅၁ ဦးနဲ့  ကျောက်ဖြူမြို့မှ ၃၃ ဦး၊ စုစုပေါင်း ၈၄ ဦးထံမှ ဓာတ်ခွဲနမူနာတွေ ရယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024