ဆီဗီလာအသင်း မန်ယူနိုက်တက်ကိုအနိုင်ယူပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲတက် 

ဒီနေ့မနက် အစောပိုင်းကန်သွားတဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပိန်ဆီဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပြီး နည်းပြ ဆိုးလ်ရှားရဲ့ ဗိုလ်လုပွဲတက်ရေး မျှော်လင့်ချက်ပျက်သွားပါတယ်။   ပထမပိုင်း ပွဲကစားချိန် ၉ မိနစ်မှာဘဲ  မန်ယူအသင်းက  ပယ်နယ်တီစရခဲ့ပြီး ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့လို့ မန်ယူဖို့အဖွင့်ဂိုးစရသွားပါတယ်။ ပွဲချိန် ၂၆ မိနစ်မှာတော့  ဘယ်တောင်ပံကနေ ဗီလာအသင်းသား ဆာဂျီယိုရီဂူလင်ရဲ့ ချပေးတဲ့ ဘောလုံးကို ဆူဆိုကကန်သွင်းပြီး ဆီဗီလာအသင်းခြေပဂိုးရရှိသွားလို့ ပထမပိုင်းမှာ တဖက် တဂိုးစီနဲ့ သရေကျနေပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၇၈ မိနစ်မှာတော့ ဆီဗီလာအသင်းက လုခ်ဒီဂျုံးက ကန်သွင်းယူခဲ့ပြီး ပွဲပြီးချိန်အထိ နောက်ထပ်ဂိုးမသွင်းနိုင်တော့ဘဲ  ဆီဗီလာက ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဆီဗီလာက မန်ယူထက် ဘောလုံးပိုင်ဆိုင်ခွင့်ပိုရခဲ့ပေမယ့်   မန်ယူက ဂိုးကန်သွင်းခွင့်ပိုရခဲ့ပြီး ဂိုးမဝင်တဲ့အတွက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။  မန်ယူလူငယ်ကစားသမားတွေအနေနဲ့  ခြေစွမ်းကောင်းပေမယ့် အတွေ့အကြုံများစွာ ယူဖို့လိုနေသေးတယ်လို့ မန်ယူ ဆိုးလ်ရှားက ပြောပါတယ်။   

//
More News
Up