A d v e r t i s e m e n t With Us

သြစတြေးလျတွင် ဇနီးကိုကယ်တင်ရန် အမျိုးသား ၁ ဦးက ငါးမန်းကို ပြန်တိုက်ခိုက်

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ် ပို့ထ်မက်ကွားရီးမြို့နားက ရှဲလ်ကမ်းခြေ မှာ ငါးမန်းကိုက်ခံရတဲ့ ဇနီးကို ကယ်တင်ဖို့ အမျိုးသားတယောက်ဟာ ဧရာမ ငါးမန်းဖြူကြီးဆီ ခုန်ဝင် ထိုးသတ်ခဲ့ရပါတယ်။ ကမ်းခြေမှာ လှိုင်းစီးနေတဲ့ အသက် ၃၅နှစ်အရွယ် ချန်တဲလီဒွဲလ်ဟာ ဆယ်ပေလောက် ရှိတဲ့ ငါးမန်းကြီးရဲ့ တိုက်ခိုက်တာ ခံခဲ့ရပြီး သူ့ရဲ့ ညာခြေထောက် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ သဆစ်ဒနီမောနင်းဟာရဲလ်ဒ် သတင်းစာက ရေးပါတယ်။ သူ့အမျိုးသားက လှိုင်းစီးနေတဲ့ ဘုတ်ပေါ်က ခုန်ချပြီး အမျိုးသမီးကို ငါးမန်းရန်ကနေ လွှတ်အောင် တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ကမ်းရဲ့သက်စောင့် ကြီးကြပ်ရေးမှူးက ပြောပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ မြို့ဝန်းကျင်က ကမ်းခြေတွေကို ပိတ်ချလိုက်သလို ငါးမန်းတွေ့တဲ့ ကမ်းခြေဝန်းကျင်မှာလည်း ကမ်းရိုးတန်း ကင်းထောက်စနစ်ကို စီစဉ်ပေး ထားတယ်လို့  လှိုင်းစီးသူများ အသက်ကယ်ရေးအဖွဲ့ Surf Life Saving NSW က ကြေညာချက် ထုတ်ပြန် ပါတယ်။

A d v e r t i s e m e n t With Us

More News
Up