Home
မြန်မာသတင်း
ချောက်မြို့၌  လျှပ်စစ်ယူနစ်ပျောက်ဆုံးမှု များနေသဖြင့် ဒစ်ဂျစ်တယ်မီတာများ ပြောင်းလဲတပ်ဆင်
DVB
·
August 15, 2020
ချောက်မြို့မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက လျှပ်စစ်ယူနစ် ပျောက်ဆုံးတဲ့ ရာခိုင်နှုန်းများနေတဲ့အတွက် ဒစ်ဂျစ်တယ်မီတာတွေနဲ့ အစားထိုးလဲလှယ်တာတွေ ပြုလုပ်နေတယ်လို့  ချောက်မြို့  လျှပ်စစ်အင်ဂျင်နီယာရုံးက သိရပါတယ်။ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်က “ချောက်မြို့နယ်က ပျောက်ဆုံး ယူနစ်များလို့။ ပျောက်ဆုံးယူနစ်က ၁၅ ရာခိုင်နှုန်းကျော်ဖြစ်နေတယ်။ နိုင်ငံတော်အစီအစဉ်အရ ၁၅ ရာခိုင်နှုန်း အောက်ချခိုင်းတာ၊ တခြား‌မြို့တွေက ကျသွားပြီး ကျနော်တို့ ချောက်တစ်မြို့ထဲ ကျန်နေတာ။ ဒါကြောင့် မိုလို့ ၁၅ ရာခိုင်နှုန်းအောက် ကျဆင်းအောင်လို့ ဒီ Analog  မီတာတွေကို Digital မီတာတွေ ပြောင်းလဲ တပ်ဆင်တာပါ”လို့ ပြောပါတယ်။ အစားထိုးမီတာ လဲလှယ်တပ်ဆင်တဲ့လုပ်ငန်းကို ၂၀၁၉  ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ အတွင်းမှာ ၅/၃၀ အမ်ပီယာ ဒစ်ဂျစ်တယ် မီတာ ၂၄၀ လုံး၊ ဒုတိယအကြိမ် ၁၁၆၁ လုံး လဲလှယ်တပ်ဆင်ခဲ့ပြီး အခု တတိယအကြိမ် လဲလှယ်တပ်ဆင်တဲ့ လုပ်ငန်းကို အခုလ ဩဂုတ်လ အတွင်း ၁၀/၆၀ အမ်ပီယာ ဒစ်ဂျစ်တယ်မီတာ ၁၈၃ လုံးကို လှဲလှယ်တပ်ဆင်တဲ့ လုပ်ငန်းကို ဆောင်ရွက်နေပါတယ်။ မီတာအလုံးပေါင်း  ၉၀၀၀ ကျော် အသစ်ပြန်လည် လဲလှယ်တပ်ဆင်ရမှာ ဖြစ်ပြီး စုစုပေါင်း ဒစ်ဂျစ်တယ် မီတာ ၁၅၈၄ လုံးကို အသစ်အစားထိုး ပြန်လည်လဲလှယ် တပ်ဆင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ လျှပ်စစ်ယူနစ် ပျောက်ဆုံးနေတဲ့အတွက် အရင်နှစ်ကြာ မီတာတွေနဲ့ ရပ်၊ ပျက်၊ နှေး မီတာတွေကို  အသစ်အစားထိုး လဲလှယ်တပ်ဆင်တဲ့လုပ်ငန်းအပြင် လျှပ်စစ် ဗို့အား ပြည့်မီစေဖို့ လျှပ်စစ်ဓါတ်အားလိုင်းကြိုးသေးနေတဲ့ ကြေးကြိုးလိုင်းကြိုးတွေနဲ့ ဒန်ကြိုးလိုင်းကြိုးတွေကို ကာဘာကေဗယ် 95 ကြိုးတွေ၊ အသစ်လဲလှယ် လိုင်းဆွဲတဲ့လုပ်ငန်းနဲ့ တရားမဝင်မီး ခိုးယူသုံးစွဲတာတွေလည်း စစ်ဆေးအရေးယူနေကြောင်း သိရပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024