Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိ၊ အတည်ပြုလူနာပေါင်း  ၃၇၄ ဦးအထိရှိလာ
DVB
·
August 14, 2020
ပြည်ပနိုင်ငံတွေက ပြန်လာတဲ့ ကိုဗစ်-၁၉ လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိပြီး မြန်မာနိုင်ငံတဝန်း အတည်ပြုလူနာပေါင်း   ၃၇၄ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။ လူနာသစ်တွေကတော့ အမေရိကန်က ပြန်လာတဲ့ အသက် ၇၂ နှစ်အရွယ်အမျိုးသား တစ်ဦး၊ ယူအေအီးနိုင်ငံက ပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ်အမျိုးသား တစ်ဦးနဲ့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၃ ဦးတို့ ဖြစ်ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။   အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၇၂၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၆၅ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၇၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၅၃ ခု စုစုပေါင်း ၁,၄၆၈ကို ဒီကနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅ ဦးထပ်တွေ့ရတာပါ။ ဩဂုတ် ၁၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၇၄ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၂၂ ဦးရှိပြီး ဒီအထဲက  ၃၁၄ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာအသစ် ၂၀ ဦးရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024