Monday, June 5, 2023
Homeမြန်မာသတင်းFacebook‌ရှင်ဖုန်း၊ ခင်ဘုဏ်း၊ ယုဇနတို့ သီဆိုသည့် စိတ်ခွန်အားပေး သီချင်းသစ်-“SKY”(ရုပ်သံ)

‌ရှင်ဖုန်း၊ ခင်ဘုဏ်း၊ ယုဇနတို့ သီဆိုသည့် စိတ်ခွန်အားပေး သီချင်းသစ်-“SKY”(ရုပ်သံ)

       “S..K..Y…SKY… ရေပြင်ကျယ်တွေရှိတဲ့ ကမ္ဘာမြေကြီးရဲ့အလယ်… ပူပန်စရာတွေ တွေ့လို့… မငိုပါနဲ့ကလေးရယ်… လာပါ ဟိုမြင့်မားတဲ့ မိုးကောင်းကင်ထဲ… ကြယ်တွေ အတူဆွတ်ခူးစို့… Let’s Fly in the Sky… တောင်တွေကာရံထားတဲ့ ဒီချိုင့်ဝှမ်းလေးမှာ… မလုံခြုံသလိုခံစားလို့ မယုံတာလားကလေးရယ်… နာကျင်တာတွေမေ့လိုက်… နေ့သစ် တွေရှိတယ်… တိမ်တွေပေါ်ခိုနားစို့… Let’s Fly in the Sky”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ “SKY”အမည်ရတဲ့ သီချင်းသစ်တ ပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       ဒီသီချင်းကိုတော့ ခင်ဘုဏ်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး စိတ်ခွန်အားဖြစ်စေ တဲ့ တေးသွားသံစဉ်တွေနဲ့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

       “S..K..Y…SKY… အတူလိုက်ပါလိုက် ပျံသန်းကြမယ်… အို တောက်ပတဲ့ ကောင်း ကင်ကြီးထဲ… S..K..Y…SKY… အတူတွဲခေါ်လိုက် ဟိုးအဆုံးထိ… အမြင့်ဆုံးရောက်ဖို့ ကြိုးစားပျံလိုက်… S..K..Y…SKY… ရောင်စုံလူတွေများတဲ့ ဒီမြို့ကြီးထဲမှာ… ဟန်ဆောင် တာတွေများလို့ မပျော်တာလားကလေးလေးရယ်… ဒီမှာ ထိုင်မနေခဲ့နဲ့ အခုထွက် လာလိုက်… အတောင်တွေကိုဖြန့်လို့… Let’s Fly in the Sky”

       ‌ရှင်ဖုန်း၊ ခင်ဘုဏ်းနဲ့ ယုဇနတို့ဟာ တချိန်ကတော့ အချစ်၊ အလွမ်းတေးသွားသံ စဉ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော်တွေ ဖြစ်ကြပြီး နောက်ပိုင်းမှာ ဂီတလောကကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ကြကာ လတ်တလောမှာမှ ပြန်လည်လှုပ် ရှားမှုတွေ လုပ်ဆောင်လာကြတာပါ။

       ခုအသစ်ထွက် “SKY” သီချင်းရုပ်သံထဲမှာတော့ ကလေးငယ်တွေနဲ့အတူ သူတို့ ၃ ယောက်လုံးက သီဆိုသရုပ်ဆောင်ထားခဲ့ကြပြီး ဒါရိုက်တာ သော်ဇင်ထက်ရဲ့ ရိုက်ကူးပုံ ဖော်မှုတွေနဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       ဒီသီချင်းရုပ်သံကိုတော့ Tay Than Thar ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် ပေါ်ကတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular