စစ်ကိုင်းမြို့၊ ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ်ရမ်းကားသူ ဓားထိုးခံရပြီးသေဆုံး  

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက် (ည)နယ်မြေ ကျူးကျော်ရပ်ကွက် ပေါ်တော်မူဘုရားဝန်း အတွင်းရှိ  စေတီယပါလဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာ သြဂုတ် ၁၃ ရက် ည ၁၁ နာရီက  လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ စေတီယပါလဘုန်းတော်ကြီးကျောင်းမှာ ဦးဇင်းဝေပုလ္လ (ခ) လှမျိုး (၄၉) နှစ် ဝါတော် ၃ ဝါဟာ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓ၊ ဦးဇဝနတို့နဲ့အတူရှိနေချိန်မှာ အရပ်ထဲက မျိုးဝင်း (၄၈ နှစ်)ဟာ အရက်သေစာသောက်စားပြီး ကျောင်းဝန်းအတွင်း လာရောက်ခဲ့ပါတယ်။ ဦးဇင်း ဝေပုလ္လက အရက်မူးလာသူကိုနေအိမ်ကို ပြန်ဖို့ပြောရာက ပြဿနာရှာနေတာကြောင့် ဝါးတုတ်နဲ့ နောက်ကျောကိုတစ်ချက်ရိုက်လိုက်ပြီး နှင်ထုတ်လိုက်တဲ့အတွက် မျိုးဝင်းက မကျေနပ် ဖြစ်ကာ ကျောင်းဝန်းအတွင်းပြန်လာပြီး ဆဲဆိုခဲ့တယ်လို့  စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။ အဲ့ဒီလို ဆဲဆိုတဲ့အတွက် ဦးဇင်း ဝေပုလ္လ (ခ) လှမျိုး ဟာ သူ့ကုတင်ခြေရင်းက အရိုး ၆ လက်မ အသွား ၁၁ လက်မရှိတဲ့ ဓားကိုယူပြီး မျိုးဝင်းရဲ့ ရင်ညွှန့်ကို ထိုးသွင်းခဲ့ရာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။ အဲ့ဒီနောက် ပြစ်မှုကျူးလွန်တဲ့ ဦးဇင်း ဝေပုလ္လ (ခ) လှမျိုး ကို လူဝတ်လဲပြီး စစ်ကိုင်းမြို့မ ရဲစခန်းမှာ (ပ) ၅၅၄/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up