DVB Logo
Home
သတင်းတို
အမျိုးသားလွှတ်တော်အမတ် ဦးဆောင်ပြီး လမ်းလျှောက်ဆန္ဒပြမည်
DVB
·
June 11, 2013
အမျိုးသားလွှတ်တော်အမတ် ဦးဆောင်ပြီး လမ်းလျှောက်ဆန္ဒပြမည်
Donate to DVB

လာမယ့် ဇွန် ၁၆ ရက်နေ့ကျရင် ရပ်ကွက်ပိုင် ပန်းခြံနဲ့ အားကစားကွင်းပြန်ရရေး အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် ဦးဆောင်ပြီး တောင်ဥက္ကလာပမြို့နယ်က ပြည်သူတွေ လမ်းလျှောက် ဆန္ဒပြကြမယ်လို့ ဦးဖုန်းမြင့်အောင်က ဒီဗွီဘီ ကို ပြောပါတယ်။

[caption id="attachment_30225" align="alignright" width="300" caption="ဦးဖုန်းမြင့်အောင်"][/caption]

ခုလို ဆန္ဒပြဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့ကို ပထမအကြိမ် တင်ပြစဉ်က သမ္မတဦးသိန်းစိန် သုဝဏ္ဏကွင်းမှာ မိန့်ခွန်းပြောမယ့် အစီအစဉ်ရှိတယ်ဆိုပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ပယ်ချခံခဲ့ရဖူးပါတယ်။

ရပ်ကွက်ပိုင် အဲဒီမြေကွက်ကို သိမ်းပြီး အရင်က ကြံ့ခိုင်ရေးအသင်းရုံး တည်ဆောက်ခဲ့ကာ နောက်ပိုင်း ကြံ့ခိုင်ရေးပါတီက ဆက်လက်အသုံးပြုခဲ့ပါတယ်။ အခု အဲဒီ မြေကွက်အပေါ်မှာ အထပ်မြင့်အဆောက်အဦ ဆောက်နေတဲ့အတွက် ရပ်ကွက်ပိုင် ပန်းခြံနဲ့ အားကစားကွင်း မြေနေရာ ပြန်လည်ရရှိဖို့ လမ်းလျှောက် ဆန္ဒပြဖို့ စီစဉ်ရတာလို့ သူက ပြောပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013