လူငယ်ကစားသမားတွေကို အတွေ့အကြုံမျှဝေရတာ ကြိုက်တဲ့ ဆန်ချို

1.6K
ဒေါ့မွန်အသင်းမှာ လူငယ်ကစားသမားကောင်းတွေကို အတွေ့အကြုံတွေဝေမျှရတာကို ပျော်ရွှင်တယ်လို့ ဂျေဒန်ဆန်ချိုက ပြောလိုက်ပါတယ်။
ဆန်ချိုကို မန်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားပေမယ့် အသင်းနဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေမှာ လိုက်ပါကစားနေတာပါ။
ဆန်ချိုဟာမနေ့က ကစားခဲ့တဲ့ သြစတြီးယားကလပ် ရိန်ဒေါ့ဖ်အသင်းနဲ့ ပွဲစဉ်မှာ ၄၅ မိနစ်ဝင်ကစားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အသင်းဆီကို လူငယ်ကစားသမားတွေရှိနေတာကို ကြိုဆိုပြီး သူတို့ကို အတွေ့အကြုံတွေ ဝေမျှရတာကို ပျော်ရွှင်ကျေနပ်မိတယ်လို့ ပြောပါတယ်။
မိမိလူငယ်ကစားသမားဘဝကလည်း စီနီယာကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့ဖူးတာ ဖြစ်လို့ ဒီလိုအချိန်မှာ လူငယ်ကစားသမားတွေကို ပြန်လည်လက်တွဲခေါ်ယူရတာကို သဘောကျ တယ်လို့ ဆန်ချိုကပြောပါတယ်။
ဒေါ့မွန်အသင်းမှာ ဘာမင်ဂမ်ကနေ ပြောင်းရွှေ့လာတဲ့ ဘယ်လင်ဂမ်နဲ့ အကယ်ဒမီထွက် ကစားသမားရိုင်နာတို့လို ကစားသမားတွေရှိနေပြီး သူတို့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဆန်ချိုနဲ့ ဟာလန်းတို့က ချီးကျူးပြောဆိုထားပါတယ်။