DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အမှုပေါင်း ၁၉ မှု အရေးယူ
DVB
·
August 14, 2020
မကွေးတိုင်းတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အမှုပေါင်း ၁၉ မှု အရေးယူ
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းရှိ ၅ ခရိုင်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အမှုပေါင်း ၁၉ မှု အရေးယူထားတယ်လို့ မကွေးတိုင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တာကြောင့်  ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ မကွေးခရိုင်မှာ ၄ မှု၊ မင်းဘူးခရိုင်မှာ ၁ မှု၊ ပခုက္ကူခရိုင်မှာ ၉ မှု၊ သရက်ခရိုင်မှာ ၂ မှုနဲ့ ဂန့်ဂေါ ခရိုင်အတွင်းမှာ ၃ မှု စုစုပေါင်း ၁၉ မှုအရေးယူထားတယ်လို့ မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။

စည်းကမ်းဖောက်ဖျက်တဲ့သူတွေကို သက်ဆိုင်ရာတရားရုံးတွေကနေ ဒဏ်ငွေ ကျပ် ၅၀၀၀၀ ကျပ်နဲ့ ထောင်ဒဏ်တစ်လချမှတ်တာက  ၁ မှု၊ ထောင်ဒဏ် ၃ လက ၁၄ မှု၊ ဒဏ်ငွေ ကျပ်  ၅၀၀၀ ချမှတ်တာ ၃  မှုရှိပြီး ၁ မှုကတော့ စစ်ဆေးဆဲဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့ယာဉ် အန္တရယ်ကင်းရှင်းရေး အသိပညာပေးတာတွေလုပ်ဆောင်နေပြီး နှာခေါင်းစည်း Mask တပ် မတပ် စစ်ဆေးတာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013