DVB Logo
Home
မြန်မာသတင်း
အသိမ်းခံလယ်သမားများ ပိုင်ဆိုင်ခွင့်ပြန်ရရေး ဥပဒေအရကြိုးပမ်းရာတွင် အခက်ကြုံနေ
DVB
·
June 10, 2013
အသိမ်းခံလယ်သမားများ ပိုင်ဆိုင်ခွင့်ပြန်ရရေး ဥပဒေအရကြိုးပမ်းရာတွင် အခက်ကြုံနေ
Donate to DVB

လယ်ယာမြေသိမ်းခံရတဲ့ မြန်မာပြည်အနှံ့က  လယ်သမားတွေဟာ လယ်ပိုင်ဆိုင်ခွင့်နဲ့ လယ်စိုက်ခွင့် ပြန်လည်ရရှိရေးအတွက်  အမှုဖွင့်ပြီး တရားဥပဒေကြောင်းအရ ကြိုးပမ်းရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် တိုင်းနဲ့ ပြည်နယ်အတော်များများမှာ စစ်တပ်နဲ့ ယခင် စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပိုင်ဆိုင်ခွင့်ရရေးနဲ့ လယ်စိုက်ခွင့်ရရေး  လယ်သမားတွေက  စွဲဆိုတဲ့အမှုတွေမှာ အခက်ခဲ ကြုံတွေ့နေရတာပါ။

လယ်ယာပိုင်ဆိုင်ခွင့်ရရှိရေး တရားရင်ဆိုင်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က လယ်သမား တဦးဖြစ်တဲ့ ဒေါ်သန်းနွဲ့က သူ့ရဲ့တရားခွင်အတွေ့အကြုံကို အခုလို ပြောပါတယ်။

“တရားရုံးကို ဦးတိုက်လျှောက်တော့ ကျမတို့လယ်အပိုင်၊ ရဲစခန်းအပိုင် လက်မှတ်မပါဘူးဆိုပြီး ငြင်းချက်ထုတ်ပါတယ်။ ကျမတို့က ရဲစခန်းလဲ သွားပါတယ်။ ဒါပေမယ့် စခန်းက အတင်မခံဘူး။”

လယ်သမားတွေစွဲဆိုတဲ့ အမှုတွေမှာ အာဏာပိုင်တွေနဲ့ တရားရေးပြည်သူ့ဝန်ထမ်းတွေ ကျင်သုံးတဲ့ ဥပဒေကျင့်ထုံးတွေက လွဲမှားနေတယ်လို့ လယ်သမားအရေး ဆောင်ရွက်သူလည်းဖြစ်၊  ဥပဒေအတိုင်ပင်ခံတဦးဖြစ်တဲ့ ဦးဖိုးဖြူက အခုလိုပြောပါတယ်။

“တိုင်းပြည်မှာ ဥပဒေကျင့်သုံးမှုက လုံးဝလွဲမှား ချွတ်ချော်နေတယ်။ ရဲဆိုင်တဲ့ အမှုကို စခန်းသွားတိုင်တယ်၊ ရဲစခန်းက တရားဥပဒေကြောင်းအရ အမှုဖွင့်၊ အရေးယူဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ ဒါကို တရားရုံးကို ဦးတိုက်လျှောက်ပါဆိုပြီး ရဲက သူရဲ့လုပ်ရမယ့် တာဝန်ကို ရှောင်လွှဲတယ်။ တရားရုံးကိုရောက်တော့လည်း ရဲပိုင်တဲ့အမှုဆိုပြီး ရဲစခန်းကို ပြန်လွှဲတယ်။ ဒီလိုနည်းနဲ့ ပြည်သူတွေရဲ့ ဥပဒေအာဏာအသက်ဝင်ရေး ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ ကြန့်ကြာ၊ နှောင့်နှေးအောင် ပြည်ထဲရေးဝန်ကြီးဌာနရော၊ တရားစီရင်ဌာနကိုယ်တိုင်ရော ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြင်မိတယ်။”

ဧရာဝတီတိုင်းမှာ လယ်ယာမြေပိုင်ဆိုင်မှု ရရှိရေး တရားစွဲထားတဲ့ လယ်သမားအမှု ၅၀ ခန့်ရှိပြီး ရန်ကုန်၊ ပဲခူးနဲ့ စဥ့်ကိုင်းတိုင်းဒေသကြီးတွေမှာလည်း အလားတူ အမှုတွေ အများအပြားရှိနေကြောင်း လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအ၀ိုင်းက ပြောပါတယ်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသနဲ့ ဧရာဝတီတိုင်း  အင်္ဂါပူမြို့နယ် တချို့မှာတော့ လယ်သမားတွေက သိမ်းခံထားရတဲ့ လယ်ယာမြေတွေပြန်ရရေး ထွန်တုံးတိုက်ပွဲဆင်နွှဲပြီး ၀င်ရောက် လယ်ထွန်တာကြောင့် ဖမ်းဝရမ်းထုတ်ခံရမှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013