DVB Logo
Home
မြန်မာသတင်း
ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးသည့် ကုမ္ပဏီကို ဆန္ဒပြ
DVB
·
June 10, 2013
ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးသည့် ကုမ္ပဏီကို ဆန္ဒပြ
1 / 3
Donate to DVB

မဲဆောက်မြို့က  ယာယီနိုင်ငံကူးလက်မှတ်လုပ်ပေးတဲ့ အကျိုးဆောင်ကုမ္ပဏီကို မကျေနပ်တဲ့အတွက် အလုပ်သမားအချို့ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_40440" align="alignleft" width="300" caption="အလုပ်သမားများ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

အလုပ်သမား ၄၅ ယောက်ကို  ၀ပ်ပါမစ်နဲ့ ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ ချင်းမိုင်ကို ခေါ်သွားရာမှာ  ဖမ်းဆီးခံခဲ့ရပြီးနောက် လွတ်မြောက်လာသူ ၃၉ ယောက်က ကျန်သူ ၆ ယောက် ကို လွတ်မြောက်အောင် လုပ်ပေးဖို့နဲ့ လက်မှတ်မရနိုင်ရင် ပေးထားတဲ့ငွေကို ပြန်ပေးဖို့ တောင်းဆို တာ ဖြစ်ပါတယ်။

အလုပ်သမားတဦးက “ပတ်စပို့စ်လုပ်ပေးမယ်။ အသစ်ရမယ်ဆိုပြီး ကျနော်တို့ကို ခေါ်သွားတယ်။ စာရွက်စာတမ်း အပြည့်အစုံနဲ့ခေါ်သွားတယ်။ ဟိုလည်းရောက်ရော ထိုင်းရဲတွေက ကျနော်တို့ကို ဖမ်းချုပ်လိုက်တဲ့ အချိန်မှာ ကျနော်တို့ကို မင်းတို့မျက်နှာတွေ နောက်တခေါက်မကြည့်ချင်ဘူး။ မင်းတို့လာတာ တရားဝင် မဟုတ်ဘူး။ အတုတွေပါဆိုပြီးတော့ ကျနော်တို့ ၃ ညအိပ် ၄ ရက် ကြာခဲ့တယ်။ ကျနော်တို့ မဲဆောက်ပြန်ရောက်တယ်။ ရောက်ပြီးလည်း ပိုက်ဆံ ၈ ထောင်ပဲ ပေးမယ်လို့ သူပြောလာတယ်။ ထွက်လာတဲ့အချိန်မှာ ရှေ့လည်း မတိုးနိုင် နောက်လည်း မဆုတ်နိုင် ဒီပိုက်ဆံ ၈ ထောင်တည်းနဲ့လည်း ကျနော်တို့ ပတ်စပို့စ် မလုပ်နိုင်တော့ဘူး” လို့ ပြောပါတယ်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ အလုပ်သမားတဦး ထိုင်းဘတ်ငွေ ၁ သောင်း ၂ ထောင်နှုန်းနဲ့ မတ်လကတည်းက ပေးခဲ့တာလို့ ပြောပါတယ်။

အကျိုးဆောင် ကုမ္ပဏီပိုင်ရှင် ဦးချာလီက ဆန္ဒပြအလုပ်သမားတွေကို “သံရုံးတင်တာ ၆၀၀ ကျတယ်။ မင်းတို့တွေ့လား။ အားလုံး မင်းတို့စာရွက်အစစ် ဒီမှာနော်။ မြန်မာသံရုံး ထောက်ခံစာအကုန်ပါတယ်။ အဲဒီတော့ မင်းတို့ပိုက်ဆံက ငါ့ဆီမှာမရှိဘူး။ ဟိုးမှာ ရှိတယ်။ လိုချင်ရင် သူတို့ဆီမှာ ရမယ်၊ သံအမတ်ဆီမှာ ရမယ်” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့သူတွေကို သူကိုယ်တိုင် ပြန်ရွေးထုတ်ပေးပြီး မြ၀တီမှာ အိမ်ငှားပေးထားတယ်လို့ ဦးချာလီက ပြောပါတယ်။

“ပထမ တသုတ်သွားတယ်။ ၂ သုတ်သွားတယ်။ ၃ သုတ်သွားတယ်။ ၄ သုတ်သွားတယ်။ အားလုံးလွတ်တယ်။ ဒါပေမယ့် ဒီအသုတ်မလွတ်ဘူး။ သူတို့ကိုယ်တိုင်ကလည်း အဲလိုမျိုး အဖမ်းခံရတယ်။ ကျနော်ကိုယ်တိုင် ပြန်ရွေးထုတ်တယ်၊ အားလုံးရွေးထုတ်တယ်။ ရွေးထုတ်ပြီးတော့ မြ၀တီမှာ သွားပြီး အိမ်ငှားထားပေးတယ်။ နေဖို့ထိုင်ဖို့ မရှိတဲ့လူတွေအတွက်။”

တောင်းဆိုတာ ၄၊ ၅ ကြိမ်ရှိခဲ့ပြီး အခုအကြိမ် ဆန္ဒပြရာမှာတော့ အလုပ်သမားတွေကို ပတ်စပို့ ဒါမှမဟုတ် ငွေပြန်ပေးဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

“ကိုချာလီကိုယ်တိုင်က ပြောပါတယ်။ ၁၉ ရက်နေ့ကျရင် ကျနော်တို့ ဘန်ကောက် ၀ပ်ပါမစ်နဲ့ လုပ်ထားတဲ့ ပတ်စပို့တွေ အကုန်လုံးကို ရမယ်။ တကယ်လို့ မရဘူးဆိုရင် ဓာတ်ပုံဖိုးကအစ အကုန်လုံးပြန်ပေးမယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျနော်တို့အခု အားလုံး လက်မှတ်ထိုးရမယ်။ ပြီးရင် ၁၉ ရက်နေ့ကျရင် ရ၊ မရဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော်။”

မြန်မာအစိုးရက ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနေတဲ့ ရုံးပေါင်း ၁၁ ရုံး ဖွင့်လှစ်ပြီး နေ့ချင်းလုပ်ပေးနေတယ်လို့ ဖိတ်ခေါ်ကြေညာထားပေမယ့် အလုပ်သမားတွေရဲ့ မသိနားမလည်မှု၊ ရုံးလုပ်ငန်း မကျွမ်းကျင်မှုတွေကြောင့် ကြားမှာ အကျိုးဆောင်ကုမ္ပဏီတွေ ပေါ်ပေါက်လာရပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013