A d v e r t i s e m e n t With Us

ရွေးကောက်ပွဲကာလ၌ ပင်လယ်ပြင်ထွက်ကြမည့် ရွှေ့ပြောင်းရေလုပ်သားများ မဲပေးခွင့်ဆုံးရှုံးနိုင်

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကာလမှာ  မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ပင်လယ်ပြင်ထွက် အလုပ်လုပ်ကြမယ့် ရွှေ့ပြောင်းရေလုပ်သားအများစု မဲပေးနိုင်ဖို့ အခွင့်လမ်းတွေ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။ ပင်လယ်ရေလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြတဲ့ အဘော်၊ ကျားတန်း၊ အစင်ကျေးရွာနဲ့ ဇီးဖြူသောင်ကျေးရွာမှာ ရွှေ့ပြောင်းလုပ်သားတွေ အများဆုံး အခြေချနေထိုင်ကြပြီး ရွေးကောက်ပွဲ ကာလမှာဆိုရင် ပင်လယ်ငါးဖမ်းလုပ်ငန်းကို သွားရောက်လုပ်ကိုင်ကြရတာကြောင့် မဲပေးဖို့ အခွင့်ရေးတွေဆုံးရှုံးသွားနိုင်တယ်လို့ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတဦးက ပြောပါတယ်။ နိုင်ငံရေးပါတီဝင်တချို့တွေကတော့ ရွှေ့ပြောင်းလုပ်သားတွေ မဲပေးနိုင်ဖို့ ပုံစံ ၃-(က) ဖြည့်စွက်ပြီး လူစာရင်းတွေ လိုက်လံကွင်းဆင်းကူညီ ဆောင်ရွက်ပေးနေကြတာရှိပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရေးမြို့နယ် မြို့ပေါ် ၉ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စုမှာ မဲရုံပေါင်း ၁၂၂ ရုံဖွင့်လှစ်သွားမှာဖြစ်ပြီး  မဲပေးခွင့်ရှိသူ ၂၇၀,၀၀၀ ကျော်ရဲ့ အမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးထားပါတယ်။ သတင်း- နေမျိုးထွဋ်(ရေး)

A d v e r t i s e m e n t With Us

More News
Up