ဒီမိုကရက်ဒုသမ္မတကိုယ်စားလှယ်လောင်းအဖြစ် ကမ်မရာဟဲရစ်ကို ရွေးချယ်
ဒီမိုကရက်ဒုသမ္မတကိုယ်စားလှယ်လောင်းအဖြစ် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် ကမ်မရာဟဲရစ်ကို ဂျိုးဘိုင်ဒင်က သြဂုတ် ၁၁ ရက်မှာ ရွေးချယ်လိုက်ပါတယ်။
ဟဲရစ်ဟာ အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း သမိုင်းမှာ ပါဝင်တဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာတာပါ။
ဒါဟာ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆက်တိုက်ဖို့ သင့်တော်တဲ့ တွဲဖက်တစ်ဦးကို ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ဘိုင်ဒန်က ရခဲ့တာပါ။
ဘိုင်ဒင်ရဲ့ တွစ်တာစာမျက်နှာမှာ “အကြောက်အလန့်မဲ့စွာ တိုက်ခိုက်မယ့် အတော်ဆုံး ပြည်သူ့ဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ကမ်မရာဟဲရစ်ကို သမ္မတကိုယ်စားလှယ်လောင်း တွဲဖက်အဖြစ် ဂုဏ်ယူစွာ ကြေညာပါတယ်”လို့ ရေးသားခဲ့ပါတယ်။
ဒီမိုကရက်တွေရဲ့ သစ္စာအရှိဆုံး မဲဆန္ဒနယ်မြေဖြစ်တဲ့ အာဖရိကန်-အမေရိကန်တွေရဲ့ ထောက်ခံမှုကို ရရှိဖို့ ဟဲရစ်ကို အားထားရမှာပါ။
လွန်ခဲ့တဲ့ ၄ နှစ်က နှစ်ပေါင်း ၂၀ အတွင်း လူမည်းတွေ မဲပေးမှု ပထမဆုံးအကြိမ် ကျဆင်းခဲ့တာဟာ ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်က ထရမ့်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။