DVB Logo
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 10, 2013
တရားဥပဒေစိုးမိုးရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

နိုင်ငံတ၀န်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ တရားဥပဒေစိုးမိုးရေးကို ကြပ်ကြပ်မတ်မတ် မထိန်းသိမ်းခဲ့တဲ့အတွက် အန္တရာယ်တွေက ပြန့်ပွားသွားတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ မီးပုံးပျံကွင်းမှာ ဇွန် ၉ ရက်နေ့က ကျင်းပခဲ့တဲ့ လူထုဟောပြောပွဲ အမေးအဖြေကဏ္ဍမှာ သံဃာတော်တပါးက နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဘယ်လိုပြေလည်အောင် ဖြေရှင်းပေးနိုင်မလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။

“အဓိက အရေးကြီးဆုံးက တရားဥပဒေစိုးမိုးရေးပဲ။ ဒါပေမယ့် ဖြစ်တဲ့ကိစ္စမှန်သမျှဟာ စောစောစီးစီးကတည်းက တရားဥပဒေစိုးမိုးရေးနဲ့ ကြပ်ကြပ်မတ်မတ် ထိန်းလိုက်ရင် အန္တရာယ်တွေက ပွားသွားမှာ မဟုတ်ဘူး။ တရားဥပဒေနဲ့ ကြပ်ကြပ်မတ်မတ် မထိန်းလို့ အခုလို ဖြစ်ခဲ့တာလို့ တပည့်တော်မ ပြောချင်ပါတယ်။

“တရားဥပဒေစိုးမိုးမှုရဲ့ အရေးအကြီးဆုံးက လူတွေရဲ့ စိတ်လုံခြုံမှုပဲ။ ငါတို့အိမ်ကို ဘယ်သူမှ အန္တရာယ်မပြုဘူး၊ ငါတို့အိမ်ကို ဘယ်သူမှ လာပြီး မီးမရှို့ဘူး၊ စိတ်လုံခြုံမှု ရှိပြီဆိုရင် တယောက်နဲ့တယောက် နားလည်မှု ယူလို့ရတယ်။ စိတ်လုံခြုံမှုမရှိရင် တယောက်နဲ့တယောက် နားလည်မှု ယူပါလို့ ပြောလို့မရဘူး။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးကို အလေးထားတဲ့အလျောက် တရားဥပဒေစိုးမိုးရေးကနေ စရမယ်လို့ တပည့်တော်မ လျှောက်ချင်ပါတယ်။”

ဒါ့အပြင် နှစ်ဖက် အပြန်အလှန် လေးစားမှုတွေ ရှိဖို့နဲ့ နိုင်ငံတွင်း အေးချမ်းရေးအတွက် အဓိကထား လုပ်ဆောင်သွားကြဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“အခြေခံအားဖြင့် လိုအပ်ချက်ကတော့ အပြန်အလှန် နားလည်မှုရှိရမယ်။ အပြန်အလှန် လေးစားမှုရှိရမယ်။ တဖက်ကနေ တဖက်ကို အထင်သေးတယ်၊ တဖက်ကနေ တဖက်ကို နိုင်ထက်ကလူပြုတယ်ဆိုတာ မရှိရဘူး။ ကိုယ့်နဲ့ မတူလို့ ကိုယ့်ရန်သူဆိုပြီး စိတ်ထဲမှာ ထားလို့ မဖြစ်ဘူး။ ပဋိပက္ခဖြစ်တယ်ဆိုတာ နှစ်ဖက်ဖြစ်တာ။ နှစ်ဖက်စလုံးက ကြိုးစားမှဖြစ်မှာ။ နိုင်ငံအတွင်းက နိုင်ငံသူ နိုင်ငံသားများဟာ ကိုယ့်ရဲ့နိုင်ငံကို ဦးထိတ်ထားပြီး နိုင်ငံအတွင်း အေးချမ်းဖို့ အဓိကထားပြီး လုပ်ဖို့က အရေးကြီးပါတယ်။”

ဒါကြောင့် အုပ်ချုပ်ရေးပိုင်း တ၀န်ရှိသူတွေအနေနဲ့ ရပ်ရွာအေးချမ်းရေးကို တရားဥပဒေစိုးမိုးရေးနဲ့အညီ ကာကွယ်စောင့်ရှောက်သွားကြဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013