Home
မြန်မာသတင်း
ဧရာဝတီတံတား (ရတနာပုံ) ပေါ်က အမျိုးသား ၁ ဦး ခုန်ချ
DVB
·
August 11, 2020
မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ သြဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က အမျိုးသားတစ်ဦး ခုန်ချခဲ့ပါတယ်။ တံတားပေါ်က ခုန်ချသူဟာ အသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး အရက်အလွန်အကျွံသောက်ကာ အရက်ကြောင်နေသူဖြစ်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက သတင်းရရချင်းသွားရောက်ခဲ့ပေမယ့် အချိန်မမီလိုက်ပဲ အခုအခါ မီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရေပြင်ရှာဖွေရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သတင်း - နိုင်လင်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024