Home
မြန်မာသတင်း
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း ၇ ဦး ရွေးကောက်ပွဲဝင်မည်
နန်းမြနဒီ
·
August 10, 2020
လာမယ့်နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ရှမ်းပြည်ကိုးကန့်ဒီမိုက ရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း ၇ ဦးနဲ့ မြို့နယ် ၂ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း ၇ ဦးလုံးမှာ အမျိုးသားတွေဖြစ်ပြီး ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် ၂ ခုရှိ မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလို့ ပါတီအထွေထွေအတွ င်းရေးမှူး ဦးမြင့်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ကိုးကန့်ဒေသမှာ နိုင်ငံရေးအတွေးအခေါ်တွေ ပညာရေးပိုင်းမှာတွေ အားနည်းနေသေးတော့ အမျိုးသမီးအမတ်လောင်းလည်း မရှိပါဘူးခင်ဗျာ။ ဝင်ပြိုင်မှာက အမျိုး သားတွေချည်းပါ။ ကုန်းကြမ်း နဲ့ လောက်ကိုင်မြို့နယ်မှာ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာစီနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာစီ ဝင်ပြိုင်ကြမှာပါခင်ဗျ။” ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ရည်မှန်းချက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုပေါ်ထွန်းရေးတို့ဖြစ်ပြီး ရွေးကောက်ပွဲမှာ ကိုယ်စား လှယ်လောင်းတွေ အနိုင်ရမယ်ဆိုရင် ပညာရေးဖွံ့ဖြိုးရေးကို ဦးစွာဆောင်ရွက်မှာဖြစ်ပြီး အဲဒီနောက် ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆောင်ရွက်သွားမယ်လို့ သူကဆက်ပြောပါတယ်။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ အဆိုပါမြို့နယ် ၂ ခုတွင်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ်အဲဒီမြို့နယ် ၂ ခုမှာ ကိုးကန့်တိုင်းရင်းသားတွေ ၅ သောင်းကျော်ရှိပေမယ့် အများစုက မြန်မာစာမတတ်တာကြောင့် မဲဆန္ဒရှင်အမည်စာရင်းမှာ မိမိအမည်ပါမပါကို မကြည့်တတ်တဲ့အခက်အခဲရှိနေပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသု တပိုင်းတွေမှာလည်း အားနည်းနေသေးတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ကွန်းလုံမဲဆန္ဒနယ်မြေကနေ ၁ နေရာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပါတီမှတ်ပုံပြန်တင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တနေရာမှ မနိုင်ခဲ့‌ပါဘူး။ လက်ရှိ ပါတီဥက္ကဋ္ဌကတော့ ဦးအန်တိုနီစူ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024