Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ၄ လအတွင်း လူ ၁၃ဝဝ ကျော်လေဘေးသင့်၊ ကမ်းပြိုမှုကြောင့် အိမ် ၉၇ လုံး ရွှေ့ပြောင်း
DVB
·
August 10, 2020
117339331_912331739251170_3683502546548139620_o
117312235_912331602584517_902005414558247098_n
117304748_912331625917848_8046590285260528178_n
117232920_912331785917832_1540173497909175865_o
117123455_912331812584496_7793442297557274021_n
116797209_912331682584509_5288583811294517843_n
116696655_912331652584512_4962234738984420529_n
ဧရာဝတိုင်းအတွင်း ပြီးခဲ့တဲ့ ဧပြီကနေ ဇူလိုင်လအထိ လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၁၃၈၆ ဦးလေဘေးသင့်ခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၉၇ လုံး ပြောင်းရွှေ့ခဲ့ရတယ်လို့ တိုင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။ ဇူလိုင်လအတွင်း လေပြင်းတိုက်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံးဝပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ် ၄ လုံးနဲ့ တစိတ်တပိုင်းပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ် ၁ လုံးရှိခဲ့တာကြောင့် လူဦးရေ ၁၇ ဦး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက ဒီဗွီဘီကိုပြောပါတယ်။ “တိုင်းအတွင်းက မြို့နယ်တွေမှာ ဇူလိုင်လအတွင်း လေပြင်း ၅ ကြိမ် တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့တယ်။ လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့တာတွေ ပြုလုပ်ပေးထားပါတယ်။ လေဘေးသင့်တဲ့ လူဦးရေအလိုက် ဆန်နဲ့ အခြားရိက္ခာတွေ ထောက်ပံ့ပေးတာတွေလည်းရှိတယ်။”  ဇူလိုင်လအထိ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေက လေဘေးသင့် မိသားစုဝင် ၁၃၈၉ ဦးကို အိမ်ဆောက်ပစ္စည်းအပါအဝင် ၁ ပတ်စာ စားနပ်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်း ၂၀၉ သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ဇူလိုင်လအတွင်း ကမ်းပါပြိုကျခဲ့မှု ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြိုကျတဲ့မြစ်ကမ်းပါးနဲ့ နီးတဲ့ ရွှေ့ပြောင်းခဲ့ရတဲ့ ၁၉၇ အိမ်ကို အိမ်ဆောက်ပစ္စည်းနဲ့ ၁ အိမ်ကို ၁ သိန်းနှုန်း စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဦးသန်းစိုးက ပြောပါတယ်။ မြစ်ကမ်းပါးပြိုကျလို့ ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ်တွေအတွက် ၁ အိမ်ထောင်ကို ၁ သိန်းထောက်ပံ့ပေးသလို ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ပေးပြီး စုစုပေါင်း ၁၇၃ သိန်းကျော်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှုတွေမှာတော့ ဟင်္သာတခရိုင်အတွင်းက ကြံခင်းနဲ့ ဇလွန်မြို့၊ မအူပင်ခရိုင်က ညောင်တုန်းနဲ့ ပန်းတနော်မှာ အဖြစ်များတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024