DVB Logo
Home
မြန်မာသတင်း
ဆီးဂိမ်းပြိုင်ပွဲကျင်းပချိန် ဟိုတယ်အခန်းခများပိုမယူသင့်ဟု ၀န်ကြီးပြော
DVB
·
June 7, 2013
ဆီးဂိမ်းပြိုင်ပွဲကျင်းပချိန် ဟိုတယ်အခန်းခများပိုမယူသင့်ဟု ၀န်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)နီးလာတာနဲ့အမျှ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ရှိ ဟိုတယ်အခန်းခတွေ ဈေးနှုန်းမြင့်တက်လာပါတယ်။

ဆီးဂိမ်းအားကစားပွဲကို အကြောင်းပြပြီး နိုင်ငံခြားဧည့်သည် လက်ခံနိုင်တဲ့ ဟိုတယ်တွေရဲ့အခန်းငှားခတွေ ဈေးတက်လာပါတယ်။ အခုလို ဈေးမြှင့်တက်မှုတွေက ခရီးသွားလုပ်ငန်းတခုလုံး ထိခိုက်နိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီးဦးဌေးအောင်က အခုလိုပြောပါတယ်။

[caption id="attachment_40394" align="alignright" width="300" caption="(Photo_ Ministry of Hotels and Tourism)"][/caption]

“ဆီးဂိမ်းအတွက် ဒီလောက်လာမယ်ဆိုပြီး အရမ်းဈေးတင်လိုက်ရင် ဧည့်သည် နောက်မရှိရင် ခက်သွားမယ်။ အခု နိုင်ငံတော်က ပွဲတွေအများကြီးလုပ်ပေးတော့ နေပြည်တော်က ဟိုတယ်လ်တွေ အရမ်းအလုပ်ဖြစ်တယ်။ ရန်ကုန်မှာလည်း ဟိုတယ်လ်တွေ ဒီနှစ်ကုန် အများကြီးဖွင့်ဖို့ ရှိပါတယ်။ အခန်းတွေပေါ်လာမယ်။ ဒါကို ထိန်းညှိရမယ်။”

ဟိုတယ်လ်အခန်းခတွေမြင့်တက်နေတဲ့အတွက် မြန်မာပြည်ခရီးသွားလုပ်ငန်းတခုလုံး ပျက်စီးသွားနိုင်တယ်လို့ ပတ္တမြားမြေခရီးသွားလုပ်ငန်းက ဦးအေးကျော် ပြောပြတာက

“အခုအချိန်မှာ အခန်းတွေရှိနေတယ်။ သူတို့ထင်တာက အများကြီးလာမယ်ထင်နေတယ်၊ ဒါပေမယ့် ဒီဈေးနဲ့ဆို၊ ဈေးများနေရင် မလာဘူး။ ဟိုတယ်လ်သမားတွေ ဒါကို မသိဘူး၊ တကယ်ဆို မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပျက်စီးသွားမှာ။ ဒါဆို ဟိုတယ်လ်လုပ်ငန်းပိုင်ရှင်တွေ တရားခံပဲ။”လို့ ဆိုပါတယ်။

လာမယ့်နှစ်အတွက် အခန်းငှားခဈေးနှုန်းတွေ သတ်မှတ်ပေးထားတယ်၊ စာချုပ်တွေ ချုပ်ဆိုပြီးလည်းဖြစ်လို့ နောက်လာမယ့် ခရီးသွားရာသီမှာတော့ အခန်းခတွေ ဈေးတက်နိုင်ဖွယ် မရှိတော့ဘူးလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရန်ဝင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013