ထိုင်းတွင်အခက်အခဲကြုံနေသည့် မြန်မာ ၈၃ ဦးကို ပြန်ခေါ်
DVB
·
August 10, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ထိုင်းနိုင်ငံမှာ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၈၃ ဦးတို့အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး မနေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။
သူတို့ကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ခဲ့တာ အခုတကြိမ်အပါအဝင် ၆ ကြိမ်ရှိပြီလို့ သိရပါတယ်။
ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၁၀,၀၉၇ ယောက်ရှိပြီလို့ သိရပါတယ်။