DVB Logo
Home
မြန်မာသတင်း
ကယားခြေတုစက်ရုံ လူ ၄၀၀ ကို ၀န်ဆောင်မှုပေးပြီးဖြစ်
DVB
·
June 7, 2013
ကယားခြေတုစက်ရုံ လူ ၄၀၀ ကို ၀န်ဆောင်မှုပေးပြီးဖြစ်
Donate to DVB

ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ဆုံးရှုံးသူပေါင်း ၄၀၀ ကို ခြေတုတပ်ဆင်ကူညီပေးခဲ့ပြီးပြီလို့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ဦးလောဟိန်းစိုးက ပြောပါတယ်။

ခြေတု ပြန်လည်တပ်ဆင်ပေးတဲ့ စက်ရုံကို ၂၀၀၇ ခုနှစ်ကစပြီး လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်တွင်းမှာ အပစ်ရပ် ကရင်နီပြည်သူ့လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီစက်ရုံဟာ ဒေသခံတွေသာမကဘဲ တခြားဒေသက လာရောက်တဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကိုပါ ကန့်သတ်ချက်မထားဘဲ  ခြေတုတပ်ဆင် ကူညီပေးနေတယ်လို့ ဦးလောဟိန်းစိုးက ပြောပါတယ်။

ဒီခြေထောက်တုစက်ရုံကို ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မယ်တော်ဆေးခန်းရဲ့ငွေအားနဲ့ နည်းပညာအကူအညီနဲ့ ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။

ဧပြီလပိုင်းတုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ စက်ရုံနဲ့ ဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းတွေမှာ ကူညီဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီစက်ရုံနဲ့ ဒီဒေသကို အမေရိကန်ပြည်ထောင်စုက တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုတာ  ၃ ကြိမ်လောက်ရှိပြီလို့ ဆိုပါတယ်။ လတ်တလောမှာတော့ မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေး ပညာပေးသင်တန်းတွေကိုတော့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းအသုံးမပြုရေး နိုင်ငံတကာသဘောတူစာချုပ်ကို လက်မှတ်မထိုးတဲ့ နိုင်ငံစာရင်းထဲမှာ ပါနေဆဲဖြစ်ပြီး  မနှစ် နှစ်လယ်ပိုင်းတုန်းကတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ စိတ်ဝင်တစားရှိတယ်ဆိုတာကို ပြောဆိုခဲ့ပါတယ်။

အခုအခါ နိုင်ငံတ၀ှမ်းန်ီးပါး တိုက်ပွဲသံ တိတ်ဆိတ်လုနီးပါး ဖြစ်နေပေမယ့် ဆယ်စုနှစ် ၆ ခုကြာ စစ်ပွဲအတွင်း အပြန်အလှန် ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းရေးကတော့ မစတင်နိုင်သေး ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013