A d v e r t i s e m e n t With Us

လိုင်ယွန်နဲ့ပွဲအပြီး ဂျူဗင်တပ်နည်းပြဆာရီကို ရာထူးက ထုတ်ပယ်

ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် နည်းပြဆာရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။  အသက် ၆၁ နှစ်ရှိ အီတလီနည်းပြဆာရီဟာ ဂျူဗင်တပ်အသင်းကို ၁ နှစ်သာ ကိုင်တွယ်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။  ဂျူဗင်တပ်အသင်းအတွက် ကိုးကြိမ်ဆက်တိုက် လိဂ်ချန်ပီယံဆုဖလားကို စံချိန်တင်ရယူပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ဆာရီကို ပထမအသင်းနည်းပြ တာဝန်ကနေ ရပ်စဲလိုက်ကြောင်း အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ် နည်းပြဆာရီဟာ နာပိုလီအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲအပြီးကတည်းက ထုတ်ပယ်ခံရလိမ့်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။  လိုင်ယွန်နဲ့ပွဲစဉ်မတိုင်ခင်အထိ ထုတ်ပယ်ခံရမယ်မထင်ကြောင်း နည်းပြဆာရီ ကိုယ်တိုင်ပြောခဲ့ပေမဲ့ ပွဲအပြီးမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။  ဂျူဗင်တပ်အသင်းဟာ နာရီပိုင်းအတွင်းမှာပဲ ယူ ၂၃ နည်းပြ ပီယာလိုကို နည်းပြချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up