Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းအောင်ချက် ၃၂ ရာခိုင်နှုန်းရှိ၊ မန္တလေးက အောင်ချက်အကောင်းဆုံးဖြစ်
DVB
·
August 9, 2020
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ဒီနေ့ထုတ်ပြန်ခဲ့ကာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိပြီး မန္တလေးတိုင်းက အောင်ချက်ရာခိုင်နှုန်း အများဆုံးရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တနိုင်ငံလုံးအတိုင်းအတာနဲ့  အောင်ချက်အမြင့်ဆုံးရှိခဲ့တာကတော့ မန္တလေးတိုင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၇.၅၁ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ပါတယ်။  ဒုတိယအောင်ချက်အများဆုံးကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၅.၁၇၊ တတိယအများဆုံးကတော့ ၃၄.၇၁ ရာခိုင်နှုန်းနဲ့ မွန်ပြည်နယ်က ဖြစ်ပါတယ်။  အောင်ချက်အများဆုံးရှိခဲ့တဲ့ မန္တလေးတိုင်းမှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူဦးရေ ၁၂၀၀၀၀ ကျော်ရှိပြီး အောင်မြင်ခဲ့သူ ၄၇၀၀၀ ကျော်ရှိပါတယ်။  စစ်ကိုင်းတိုင်းအတွင်းမှာလည်း စာမေးပွဲဖြေဆိုသူ ၁၂၀၀၀၀ ကျော်နဲ့ အောင်မြင်သူ ၄၄၀၀၀ ကျော်ရှိခဲ့ပါတယ်။ မွန်ပြည်နယ်မှာတော့ ဖြေဆိုသူ ၃၀၀၀၀ ကျော်မှာ အောင်မြင်သူ ၁၀၀၀၀ ကျော်ရှိခဲ့တာပါ။  မြန်မာတနိုင်ငံလုံးမှာတော့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၉၁၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး အဲ့ဒီအထဲက ၂၉၀၀၀၀ ကျော် အောင်မြင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024