A d v e r t i s e m e n t With Us

ချဲလ်ဆီးက ဝီလီယံကို ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် အာဆင်နယ်နီးစပ်

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဝီလီယံကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။  ဝီလီယံဟာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း အဆင်မပြေဖြစ်နေတာပါ။  အာဆင်နယ် အသင်းဘက်ကတော့ ဝီလီယံကို ၃ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး  တပတ်လုပ်ခ ပေါင် ၁ သိန်းပေးချေမှာဖြစ်ကာ ကစားသမားဘက်ကလည်း လက်ခံဖို့ ရှိနေတယ်လို့ သိရပါတယ်။  ချဲလ်ဆီးအသင်းဟာ သြဂုတ် ၉ ရက်နေ့ အသက် ၃၂ နှစ်ပြည့်မယ့် ဝီလီယံကို ၂ နှစ်သက်တမ်းတိုးဖို့သာ ကမ်းလှမ်းခဲ့တာကြောင့် ဝီလီယံဘက်က လက်မခံခဲ့တာလို့ သိရပါတယ်။  ဘရာဇီးသား ဝီလီယံဟာ အခုနှစ်ရာသီမှာ ချဲလ်ဆီးအတွက် စုစုပေါင်း ၄၇ ပွဲကစားထားပြီး ၁၁ ဂိုးသွင်းယူထားတာပါ။  ၂၀၁၃ ခုနှစ်ကတည်းက ရုရှားကလပ် အန်ဇီကနေ ပြောင်းရွှေ့လာတဲ့ ဝီလီယံဟာ ချဲလ်ဆီးနဲ့ စုစုပေါင်း ၃၃၉ ပွဲကစားခဲ့ပြီး ၆၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up