Home
မြန်မာသတင်း
ဟုမ္မလင်းမြို့ အရှေ့‌တောင်ဘက်တွင် မြေငလျင်လှုပ်
DVB
·
August 8, 2020
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ရဲ့ အရှေ့‌တောင်ဘက် ၁၈ မိုင် ခန့်အကွာမှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။  ဩဂုတ် ၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၀၆ မိနစ်၊ ၂၁ စက္ကန့် အချိန်က ဟုမ္မလင်းမြို့ရဲ့ အရှေ့‌တောင်ဘက် ၁၈ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၆၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၀၈ ဒီဂရီ၊ အနက် ၇၉ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024