Home
မြန်မာသတင်း
လယ်ရေပေးမြောင်းနှင့် လမ်းများဖျက်ဆီးပြီး ငါးကန်တူးဖော်နေမှုကို အစိုးရထံ တိုင်ကြား
DVB
·
August 7, 2020
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ကျေးရွာအနီးတွင် လယ်ရေပေးမြောင်းများ နဲ့ လမ်းများ ဖျက်ဆီးပြီး ငါးကန်တူးနေ၍ တောင်သူ ၃၅ ဦး လက်မှတ်ထိုးပြီး အစိုးရထံ တိုင်ကြားထားတယ်လို့ ဒေသခံတောင်သူတွေက  ပြောပါတယ်။ သခွတ်မြင့်ရွာနေတောင်သူ ဦးမောင်ထွန်းက "ငါးကန်တွေတူးနေတာ တရုတ်လူမျိုးလို့ သိရပါတယ် ငါးကန်ကြီးတွေ လုပ်နေတာ လယ်မြေတွေပါ ယာမြေမဟုတ်ပါဘူး။ ငါးကန် ၁ကန်ကို ၅ဧက ရှိပါတယ် စပါးစိုက်ကြရင် လယ်ရေသောက်တဲ့မြောင်း WC-1 နဲ့ WC-2တို့ကို ဖျက်ဆီးပြီး ငါးကန်တူးနေတာပါ။ ငါးကန်ပတ်လည်မှာ တောင်သူတွေ အများကြီးပါ။ ဆိုးကျိုးတွေကတော့ ဒုန်ပေါက်ပြီး မြေတွေပျက်ကုန်မယ် ငါးကန်ပေါ်မှာ ကြက်ဝက်တွေ မွေးမယ်။ အဲဒီက အနံဆိုးတွေက ကျေးလက်ပြည်တွေ ကျန်းမာရေး ထိခိုက်စေမယ် ဝမ်းတွင်းနယ်ထဲက ကင်းတားဆည်မြောင်းဘေး မှာ ငါးကန်တွေ အများကြီး လုပ်နေပါတယ် တိုင်ကြတယ် အရေးယူတာ မတွေ့ရပါဖူး ဒါကတော့ အခုမှ စလုပ်တာဆိုတော့ တားဆီးအရေးယူ ပေးမလားဆိုပြီး တိုင်ရတာပါ" လို့ ပြောပါတယ်။ သခွတ်မြင့်ရွာနေတောင်သူ ဦးကျော်တင်က "သခွတ်မြင့်ရွာက တောင်သူတဦးပါ။ ကျနော်တို့ ရွာမှာ ငါးကန်လုပ်နေပါတယ်။ တောင်သူတွေကို အသိပေးတာ မရှိပါဖူး ငါးကန်ဘေးမှာ လယ်ဧက ၁၀၀ကျော်ရှိနေပါတယ် လယ်ထဲကို ရေသွင်း ထေုတ်လုပ်တဲ့ (WC)မြောင်းတွေကို ဖျက်ပစ်ပါတယ် တောင်သူတွေ စိုက်ပျိုးရေးလုပ်ရင် အခက်အခဲ ဖြစ်မှာပါ အဲဒါတွေကို သမတကြီးဆီ တိုင်ကြားထားပါတယ်"လို့ ပြောပါတယ်။ တောင်သူများအားကူညီနေတဲ့ ဒို့တောင်သူအဖွဲ့ဥက္ကဋ္ဌ ဦးတူးက "ဝမ်းတွင်းနယ်ထဲမှာ ငါးကန်က ဒီတနေရာအပါ ၃ နေရာရှိနေပါတယ်။ လယ်မြေအခြာနည်း သုံးစွဲခွင့်မရှိသေးပါဖူး ငါးကန်တွေပေါ်မှာ ကြက်တွေမွေးတယ် အဲဒီကြက်ခြံက ကြက်သေတွေ အညစ်အကြေးတွေကို ငါးကန်ထဲ ထည့်ကျွေးတယ် အနံအသက်ဆိုးတွေ ဖြစ်တယ် ရေတွေလှောင်ထားတော့ မြေတွေစိုစွတ်ပြီး ဒုန်ပေါက်လာမယ် စိုက်ပျိုးရေး အခက်အခဲဖြစ်လာမယ် တူးနေတာကို အချိန်မှီတားနေပါတယ်"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနဦးစီးမှူးက "အခုတူးနေတဲ့ ငါးကန်တွေက လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် ခွင့်ပြုမိန့်လျှောက်ထားပါတယ် တရားဝင် အမိန့်မကျသေးပါဖူး ခွင့်ပြုမိန့်မရှိသေးပါဘူး"လို့ ပြောပါတယ်။ သခွတ်မြင့်ကျေးရွာမှာ အိမ်ထောင်စု ၆၂၄စုရှိပြီး တောင်သူအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုကြပါတယ် ကင်းတားဆည်ကြီးက လွှတ်တဲ့ရေကို အားကိုးပြီး တောင်သူလုပ်ကြပါတယ်။ အများအားဖြင့်တော့ လယ်မြေတွေပါ တစ်နှစ်ကို နွေစပါး မိုးစပါး ဆိုပြီး ၂သီးစား စိုက်ပျိုးကြတာပါ။ လယ် ၁ဧကကို စပါး တခါစိုက်ရင် တင်း၁၀၀ လောက်ထွက်ပြီး ၁နှစ်ကို တင်း၂၀၀ ရတတ်ပါတယ် ကွင်းအမှတ် ၁၁၄၉ ထဲမှာ ငါးကန်တကန်ကို ၅ဧက အကျယ် ငါးကန် ၁၀ကန် လာတူးနေတာ လယ်ရေသောက်မြောင်းတွေ လမ်းတွေကိုပါ ဖျက်ဆီးပြီး ငါးကန်တူးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024