Home
မြန်မာသတင်း
ကရင်အမျိုးသမီးပစ်သတ်ခံရမှု ပွင့်လင်းစွာအရေးယူပေးရေး ဦးဆောင်ဆန္ဒပြသူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
August 7, 2020
ကရင်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ပွင့်လင်း​မြင်သာစွာအ​ရေးယူ​ပေးဖို့နဲ့ တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ သြဂုတ် ၆ ရက်​ မနက်က  ဆန္ဒပြတောင်းဆိုခဲ့တဲ့  ဦးဆောင်သူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် လိုက်ပါတယ်။ ​ငြိမ်းစုစီဥပ​ဒေနဲ့ပတ်သက်​ပြီး အ​​ကြောင်း​ကြားတာ​တွေမရှိသလို ခွင့်​ပြုချက်မရှိဘဲ စီတန်း လှည့်လည်တာ​​ကြောင့် ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ရတာဖြစ်တယ်လို့ ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းဦး က ဒီဗွီဘီ ကို ပြောပါတယ်။ "ဦးဆောင်ပြီးလုပ်တဲ့သူက နှစ်ယောက်ထဲပါ၊ ဦးအောင်မိုးဇော်ရယ်၊ ဦးကြည်ဝင်းရယ်၊ ငြိမ်းစုစီဥပဒေနဲ့ပတ်သက်ပြီး အကြောင်းကြားတာတွေမရှိဘဲ့ ခွင့်ပြုချက်မရှိဘဲလုပ်လို့ အမှုဖွင့်တာပါ။" လက်ရှိမှာရွှေကျင်ရဲစခန်းမှာပဲရှိနေပြီး ကိုယ်ရေးအချက်အလက်တွေရယူပြီးတာနဲ့ အာမခံပေး လို့ရတဲ့ ပုဒ်မဖြစ်တာကြောင့် အာမခံနဲ့ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ စလူချောင်းကျေးရွာမှ ကွင်းဆိပ်ကျေးရွာအထိ စီတန်းလှည့်လည်ဖို့ စီစဉ်ခဲ့ပေမယ့် ကျုံချောင်ကျေးမှာပဲ စီတန်းလှည့်လည်တာကို အဆုံးသတ်ခဲ့တာဖြစ်ပြီး စီတန်းလှည့်လည်လို့ အပြီး မနက် ၁၁ နာရီခွဲလောက်မှာ တိုင်ပင်ဆွေးနွေးစရာရှိတယ်လို့ဆိုပြီး  ရဲစခန်းကို အခေါ်ခံလိုက်ရတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူ ကိုအောင်မိုး​ဇော်က ပြောပါတယ်။ "ဖမ်းဆီးအမှုဖွင့်တာက ကျနော်ရယ် ကိုကြည်ဝင်းရယ်ပါ။ လက်ရှိမှာ ရွှေကျင်မြို့မရဲ စခန်းမှာပဲ ရှိနေပါသေးတယ်။ အာမခံတဲ့သူရှိရင်တော့ ပြန်လို့ရပြီလို့တော့ ပြောပါတယ်" ​သြဂုတ် ၆ ရက်​မနက်က ရွှေကျင်မြို့နယ်က ကျေးရွာ ၁၂ ရွာမှာရှိတဲ့ ကရင်တိုင်းရင်သား ၂၀၀ ကျော်က ကျေးရွာ ၄ ရွာမှာ ပိုစတာတွေ ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ ​နော်မူးနော် အသက်ခံရတာနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ထားတဲ့ ကြွေးကြော်သံဆိုင်းဘုတ် ၅ ခုကို ကိုင်ဆောင်ကာ ကျေးရွာအတွင်းမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာပဲရှိပြီး ကြွေးကြော်အော်ဟစ်တာတွေ မရှိခဲ့တာကြောင့် ဖမ်းဆီးခေါ်ဆောင်တာဟာ တရားမျှတမှုမရှိဘူးလို့ ဆန္ဒပြတဲ့ ရွာသားတွေက ပြောပါတယ်။ ဇူလိုင် ၂၂ ရက်က ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုလိုထ ကျေးရွာမှာ ကရင်အမျိုးသမီး နော်မူးနော်ကို တပ်မတော်သား ၂ ဦးက ပစ္စည်းလုပြီး ပစ်သတ်​ခဲ့တာ​ ဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သား သန်းစိုးလွင်နဲ့ ဟိန်းမင်းထက်တို့ကို စစ်တရားရုံးက အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါ တယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024