DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါ Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန် သီချင်းသစ်-“Unseen”(ရုပ်သံ)
DVB
·
August 7, 2020
မြန်မာအိုင်ဒေါ Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန် သီချင်းသစ်-“Unseen”(ရုပ်သံ)
Donate to DVB

       ပရိသတ်အားပေးမှုတွေနဲ့ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရရှိ ခဲ့တဲ့ တေးသံရှင် အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ ပထမဆုံး ဆင်ဂယ်လ်သီချင်းတပုဒ် ထွက်ရှိ လာခဲ့ပါတယ်။

       “Unseen”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ဆလိုင်းက ရေးစပ် ပေးထားခဲ့ပြီး အက်စတာရဲ့ ခပ်ဆွေးဆွေး သီဆိုဟန်နဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။

       “ညတရေးနိုး မနက် ၂ နာရီထိုးလို့… အရင်လိုဖုန်းလေးဖွင့်… ဟိုဒီလျှောက်နှိပ် ကြည့်နေတုန်း… မင်းကမအိပ်သေးဘူး… လိုင်းသုံးနေတာလားအခု… ပုံမှန်မရှိတော့တဲ့ ဟန်နီကောင်းသောည စကား… ပုံပြောပြီးတော့မင်းလှည့်စားတာလား… တခါတည်း ပြတ်ပြတ်သား ထားကာသွား”

       အသက် ၂၂ နှစ်အရွယ် ချင်းတိုင်းရင်းသူ အက်စတာဒေါ့သ်ချင်းဆုန်ဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ Top Finalists ၁၁ ယောက်ထဲမှာ ပါဝင်ခဲ့အ ပြီး တဆင့်ပြီးတဆင့် ပရိသတ်တွေ ရရှိခဲ့သူပါ။

       ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ရှိခဲ့ကြတဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ တနိုင်ငံလုံးက ရွက်ပုန်းသီး ဂီတဝါသနာရှင်တွေ၊ အနုပညာရှင်တွေ အမြောက်အမြားပါဝင် နေခဲ့တာမို့ လွယ်ကူတဲ့ ပြိုင်ပွဲတခုတော့ မဟုတ်ခဲ့ပါဘူး။

နောက်ဆုံးဖိုင်နယ်အဆင့်ထိ ရောက်ရှိနိုင်ဖို့ ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်း တွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံးသီတင်းပတ် Performance Show ၊ ရော့ခ်သီချင်း များနဲ့ သီတင်းပတ် ၊ တက္ကသိုလ် အမှတ်တရ သီချင်းတွေနဲ့ ည ၊ ကန်းထရီး သီတင်းပတ် ၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းများနဲ့ အကျိုးပြုသီချင်းတွေနဲ့ ည ၊ စိုးလွင်လွင် သီချင်းတွေနဲ့ ည ၊ဟေမာန်ဆောင်းသီချင်းတွေနဲ့ ည ၊ ထင်ရှားကျော်ကြားသီချင်းများနဲ့ သီတင်းပတ်စတဲ့ အဆင့်ဆင့်ကို ကျေိာ်ဖြတ်ခဲ့ရတာ ဖြစ် ပါတယ်။

Grand Final အဆင့်ကိုတော့ အက်စတာနဲ့အတူ နာမည်ကြီး ပြိုင်ပွဲဝင် ၂ ယောက် ဖြစ်ကြတဲ့ အေးမြဖြူနဲ့ ဘင်ဂျမင်ဆုန်းတို့ ပါဝင်လာခဲ့ပြီးမှာ အကြိတ်အနယ် သီဆိုယှဉ် ပြိုင်ခဲ့ပြီး Winner ဆုကို အက်စတာက ရရှိသွားခဲ့တာပါ။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးခဲ့ကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။

Season 4 ထိတိုင် အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီဖြစ်တဲ့ မြန်မာအိုင်ဒေါစ တားတွေဟာလည်း ဂီတလမ်းကြောင်းတွေပေါ် လျှောက်လှမ်းနေခဲ့ကြပြီဖြစ်ကာ ခုထွက် ရှိလာခဲ့တဲ့ သီချင်းထဲမှာရော အက်စတာက ဘယ်လိုအစွမ်းပြသီဆိုထားမလဲဆိုတာကို ခံ စားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

“နင်ဘယ်သူနဲ့ပြော နင်ဘယ်သူနဲ့ Chat နေတယ်… စာတိုလေးတော့ ဘာလို့ Reply မလုပ်လဲ ငါသိတယ်… စိတ်ထဲအလိုလို ပူမိတယ်... ငါဟာ နင့်အတွက် ဘာလို့ အ ရေးမကြီးတာလဲ... ဘယ်သူက ငါ့ထက် ပိုလို့ အရေးကြီးနေတယ်... ငါသိတယ်… လမ်းခွဲ ချင်နေတာ သိတယ်... ငါ့ရဲ့စာတိုလေးရယ်… အရေးမလုပ်တဲ့နင့် Unseen ရယ်… Its Gone...”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013