DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ရှားတောဒေသခံများ စုစည်းကျေးရွာမနေလိုကြ
DVB
·
June 6, 2013
Donate to DVB

ကယားပြည်နယ် ရှားတောမြို့နယ် စုစည်းကျေးရွာတွေမှာ နေနေရတဲ့ ဒေသခံတွေက အစိုးရကနေ တရားဝင် အသိအမှတ်မပြုနိုင်သေးတဲ့ မူလရွာဟောင်းမှာ စားဝတ်နေရေးအတွက် သွားရောက်လုပ်ကိုင်နေချင်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)အကြား တိုက်ပွဲတွေကြောင့် စုစည်းကျေးရွာတွေ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူပြီးတဲ့နောက်  စုစည်းကျေးရွာတွေက ရွာသားများ ရပ်ရွာဟောင်းမှာ ပြန်လှည် နေထိုင်ကြတာ ဖြစ်ပေမဲ့ အာဏာပိုင်တွေက တရားဝင်အသိအမှတ် မပြု နိုင်သေးပါဘူး။

ဝမ်းရေးအရ ရွာဟောင်းမှာ တောင်ယာပြန်လုပ်လိုကြတာဖြစ်သလို တောင်ပေါ်ဒေသမှာ ကျွဲနွားတိရိစ္တာန်မွေးမြူလိုကြတာလို့ ရွာသားတွေက ပြောဆိုပါတယ်။ ကနဦးက ရွာမြေပုံလည်းရှိ၊ ရွာစာရင်းလည်းရှိပေမယ့်  အာဏာပိုင်တွေက အသိမှတ်မပြုဘူးလို့ပြောကြောင်းနဲ့ ဒါပေမဲ့ ကေအန်ပီပီကတော့ အသိအမှတ်ပြုထားပြီး  ပြန်နေရင် တစုတစည်းတည်းနေဖို့တော့ မှာကြား ထားတယ်လို့ ဆိုပါတယ်။

နေရပ်ရင်းရွာဟောင်းမှာ အိမ်ရာများ ပြန်လည်ဆောက်လုပ်နေထိုင်ကြတဲ့ ရွာတွေကို အုပ်ချုပ်ရေးဌာနနဲ့ အစိုးရဌာနဆိုင်ရာများက မြို့နယ်မြေပုံပေါ်မှာ ထည့်သွင်းရေးဆွဲခြင်း မပြုသေး တဲ့အပြင်၊ တခြားသော နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို လည်း သွားရောက်လေ့လာ ခွင့် မပြုထားဘူးလို့ ဆိုပါတယ်။

ကျေးရွာဟောင်းကို ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြသောသူများမှာ တချိန်က စစ်အစိုးရနဲ့ ကေအန်ပီပီတို့ ပဋိပက္ခဖြစ်ပွားချိန်အတွင်းမှာ နေရပ်မှ ထွက်ပြေး စွန့်ခွာသွားကြတဲ့သူများ ဖြစ်ပါတယ်။

တချို့ကတော့ ရှားတောမြို့ပေါ်မှာ သွားရောက် စုစည်း နေထိုင်ကြခဲ့ကြသလို ကျန်တဲ့ ဒေသခံအများစုမှာတော့ နယ်စပ်ဒုက္ခသည်စခန်းဘက်ကို သွားရောက်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီရွာသားတွေဟာ ၁၉၉၆ ခုနှစ်ကတည်းက ထွက်ပြေးသွားတာဖြစ်ပြီး လုပ်ကိုင် စားသောက်ရေးမှာ ခက်ခဲနေကြကြောင်းနဲ့ အဲဒီကတည်းက လူဦးရေရဲ့ ၃ ပုံ၁ ပုံလောက်က ရှားတောမြို့ကို တက်ပြေးလာကြသလို ကျန်သူတွေကတော့  နယ်စပ်ဒုက္ခသည်စခန်းဘက် ပြေးကုန်ကြတယ်လို့ ဆိုပါတယ်။
ရှားတောမြို့ပေါ်ရှိ စုစည်းရွာတွေထဲမှာ တောင်ပိုင်းကျေးရွာအုပ်စုနဲ့ အလယ်ပိုင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံ ရွာသူရွာသားတွေဟာ နေရပ်ရင်းရွာဟောင်းကို အများဆုံး ပြန်ရောက်နေ ထိုင်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013