DVB Logo
Home
မြန်မာသတင်း
လိပ်သိုမြို့တွင် ကိုဗစ်ထောက်ပံ့ငွေ အပြည့်မပေးသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တိုင်ကြားခံရ
DVB
·
August 6, 2020
လိပ်သိုမြို့တွင် ကိုဗစ်ထောက်ပံ့ငွေ အပြည့်မပေးသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တိုင်ကြားခံရ
Donate to DVB

ကရင်ပြည်နယ်၊ လိပ်သိုမြို့၊ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အ‌ခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်ကပေးအပ်တဲ့  ကိုဗစ်ထောက်ပံ့ငွေတွေကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြည့်ပြည့်ဝဝပြန်လည် မပေးအပ်တဲ့အတွက် မြို့အုပ်ချုပ်ရေးမှူးထံ တင်ပြတိုင်ကြားထားပါတယ်။

ရှမ်းလယ်ပြင်ကျေးရွာအုပ်စုအတွင်းမှာ နိုင်ငံတော်က ပေးအပ်တဲ့ထောက်ပံ့ငွေထဲက တစ်အိမ်ထောင်ကို ငွေကျပ် ၁၀၀၀ အပြင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ပေးအပ်ငွေထဲက ရွာသားတစ်ဦးကို ကျပ် ၅၀၀၀ နှုန်းကောက်ခံခဲ့လို့ တိုင်ကြားထားတာလို့ သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်က  ပြောပါတယ်။

“အုပ်ချုပ်ရေးနဲ့ပတ်သက်လာလို့ သူတို့ကိုတိုင်ကြားစာပို့တယ်။ သူရဲ့ အောက်ခြေဝန်ထမ်းတွေ ကို ဆက်လက်အရေးယူမလား။ မယူဘူးလားဆိုတာ မေးထားတာရှိတယ်။ တကယ်လို အရေးမယူဘူးဆိုရင် တဆင့်တဆင့်တက်သွားမှာ"

တိုင်ကြားစာနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမှုတွေ ဆောင်ရွက်နေသလို့ စစ်ဆေးပေါ်ပေါက်ခဲ့ ရင် အရေးယူဆောင်ရွက်တဲ့အပိုင်းကို မြို့နယ်က ဆောင်ရွက်သွားမယ်လို့  တာဝန်ရှိသူက ပြောပါတယ်။

လိပ်သိုမြို့၊ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က “အခုလက်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ဆောင်ရွက်ဖို့ရှိတယ်။ လောလောဆယ် သူ့ကို ကနဦးစစ်ဆေးချက်တွေ ယူထားတယ်။ တိုင်ကြားသူတွေကိုလည်း စစ်ဖို့ရှိတယ်။ အရေးယူတာကတော့ ကျနော်တို့က မြို့အဆင့်ဖြစ်တော့ သံတောင်ကြီးမြို့နယ်ကို ဆက်သွယ်မေးမြန်းမှရမယ်”လို့ ပြောပါတယ်။

ရှမ်းလယ်ပြင်ကျေးရွာအုပ်စုအတွင်းမှာ ကျေးရွာပေါင်း ၁၈ ရွာရှိပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ခြေပေါင်း ၄၀၀ အတွက် ကျပ်သိန်းပေါင်း ၈၀ ထဲက တစ်အိမ်ထောင်ကို ကျပ် ၁၀၀၀ နှုန်းနဲ့ ဖြတ်တောက်ကောက်ခံတယ်လို့ ပဆိုါတယ်။

အလားတူ နိုင်ငံတော်ကကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးမြှင့်တင်ဖို့ ထောက်ပံ့ပေးအပ်ငွေ ၃၀၀၀၀ ကျပ်ကနေ တစ်ဦးကို ၅၀၀၀ နှုန်း  ကောက်ခံခဲ့သလို လူကယ်ပြန်ဌာနက ထောက်ပံ့ကြေးရရှိသူ စာရင်းတောင်းခံရမှာလည်း ဒီကနေ့အထိ ပေးအပ်တာမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

၂၀၁၉ မေလ ၂၃ ရက်နေ့က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ နိုင်ငံတော်က ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားမှာ ထောက်ပံ့ပေးအပ်ငွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ပြည့်ပြည့်ဝဝ ပြန်လည်မပေးအပ်ရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013